ရှေ့သို့
Image

မက်ဆီနှင့် ဒီမာရီယာတို့သာ ၂၀၂၄ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ဖို့သေချာတဲ့ ကစားသမားတွေဖြစ်တယ်လို့ သတိပေးလိုက်တဲ့ စကာလိုနီ

12:49 PM, 28 March

ခြေစမ်းပွဲ ၂ ပွဲစလုံးတွင် အာဂျင်တီးနားဟာ အနိုင်ရရှိခဲ့တာဖြစ်ပြီး နည်းပြ စကာလိုနီကတော့ နွေရာသီ ကိုပါအမေရိကအတွက် ပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

စကာလိုနီဟာ ဒဏ်ရာ ရရှိနေတဲ့ မက်ဆီမပါဝင်ဘဲ ၂ ပွဲအထိ ကစားခဲ့ရတာဖြစ်ပြီး ကော်စတာရီကာအား ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘန်နီတက်ဇ်နှင့် ဂါနာချိုတို့ကို ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးနောက် စကာလိုနီက နွေရာသီပြိုင်ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ကစားသမား ၂ ဦးအတွက်သာ အာမခံချက်ရှိကြောင်း သူ့ရဲ့ကစားသမားတွေကို သတိပေးပြောကြားလိုက်ပါတယ်။

"ဘင်နီတက်ဇ်ကတော့ ဒုတိယဂိုးသမားဖြစ်နိုင်ပါတယ်၊ ဘောလုံးကမ္ဘာ့မှာ ဘာကိုမှာ ကြိုပြီးမသိနိုင်ပါဘူး" "ဒီနေ့ သူက ဒီမှာရှိနေတာကြောင့် အခွင့်အရေး ရရှိခဲ့တာဖြစ်ပြီး ကျွန်တော်တို့နှင့်အတူ လိုက်ပါနိုင်တာကြောင့်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ နွေရာသီပြိုင်ပွဲအတွက် ဘယ်ကစားသမားကိုမှ ကျွန်တော် အာမခံချက်မပေးနိုင်ပါဘူး" "တစ်ဦးတည်းသောသူကတော့ အားလုံးသိထားတဲ့ ဒီလိုမလာနိုင်တဲ့ မက်ဆီဖြစ်ပါတယ်။ ကျန်ကစားသမားတွေကိုတော့ ရွေးချယ်သွားရမှာပါ။ ဒီမာရီယာလည်းအတူတူပါပဲ သူ့အတွက်တော့ အာမခံချက်ရှိပါတယ်" လို့ သတင်းထောက်တွေကို နည်းပြက ပြောပါတယ်။

ကိုပါအမေရိကမှာ အာဂျင်တီးနားက မက်ဆီကို ဦးတည်ပြီးကစားမှာပါ၊ ဒီမာရီယာကလည်း အမြင့်ဆုံးအဆင့်ဖြင့် အဆုံးသတ်လိုနေပြီး ယခုပြိုင်ပွဲပြီးဆုံးပါက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမှာဖြစ်ကြောင်း အတည်ပြုထားတာလည်းဖြစ်ပါတယ်။ ကော်စတာရီကာနှင့်ပွဲမှာ ဒီမာရီယာက အလွတ်တည်ကန်ဘောကနေ လှပတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အာဂျင်တီးနားဟာ မက်အက်လစ္စတာနှင့် လော်တာရိုမာတီနက်ဇ်တို့ရဲ့ ဂိုးများဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နွေရာသီပြိုင်ပွဲမှာ ရွေးချယ်ခံရပြီး ပွဲထွက်ခွင့် ရရှိချင်တယ်ဆိုရင် ကစားသမားတွေ အနေနဲ့ ကြိုးစားအားထုတ်ဖို့ လိုပါတယ်လို့ စကာလိုနီက ပြောကြားထားပါတယ်။ ဒဏ်ရာကနေ ပြန်လည် သက်သာပြီးနောက် မက်ဆီဟာ ဧပြီလ ၃ ရက်နေ့ အင်တာမီယာမီရဲ့ မွန်တာရေးနှင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။

အာဂျင်တီးနားကတော့ ကိုပါအမေရိကရဲ့ အဖွင့်ပွဲစဉ်ကို ဇွန်လ ၂၁ ရက်နေ့မှာ ကနေဒါနှင့် ကစားရမှာဖြစ်ပါတယ်။ စကာလိုနီရဲ့အသင်းဟာ ဖိုင်နယ်သို့ ရောက်ရှိခဲ့ပါက မက်ဆီရဲ့အိမ်အသစ်ရှိရာ မီယာမီဂါးဒန်းစ်ရှိ ဟက်ဒ်ရော့ခ် ကွင်းကြီးမှာ ကစားရမှာဖြစ်ပါတယ်။

#ဒီမာရီယာ #စကာလိုနီ #မက်ဆီ #ယူရို၂၀၂၄