ရှေ့သို့
Image

အင်္ဂလန်နဲ့ပွဲအပြီး အင်တာဗျူးတစ်ခုကနေ ချဲလ်ဆီးထံ သတင်းစကားပါးလိုက်တဲ့ လူကာကူ

12:45 PM, 28 March

အင်္ဂါနေ့ ဝင်ဘာလေမှာ ကစားခဲ့တဲ့ အင်္ဂလန်နှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲမှာ လူကာကူဟာ ဘယ်လ်ဂျီယံအတွက် ခြေစွမ်းပြသခဲ့ပြီး အနာဂတ်နှင့်ပတ်သက်တဲ့ မေးခွန်းနှင့် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ ခြေစမ်းပွဲကို ကစားဖို့အတွက် လူကာကူဟာ အင်္ဂါနေ့မှာ အင်္ဂလန်သို့ ပြန်လည်ရောက်လာခဲ့တာပါ။ ၂-၁ ဂိုးဖြင့်စေမယ့် တိုင်လီမန်းစ်သွင်းယူခဲ့တဲ့ ဂိုးအတွက် တိုက်စစ်မှူးဟာ ဂိုးဖန်တီးပေးခဲ့တာကြေငါ့် သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။

ပွဲအပြီးနောက်မှာ လူကာကူဟာ မီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး အဆင်မပြေတဲ့ အခိုက်အတန့်ဖြစ်ခဲ့ရကာ အင်္ဂလန်သို့ ပြန်လာမှုတွင် တကယ်ကို ခြေစွမ်းပြချင်ပါသလားလို့ မေးခြင်းခံခဲ့ရပါတယ်။

"ဒါတွေ ကျွန်တော် မသိပါဘူး။ အဲ့ဒါကတော့ ချဲလ်ဆီးကို မေးရမှာပါ" လို့ လူကာကူက ပြန်ဖြေခဲ့ပါတယ်။ ဘယ်လင်ဂမ်ရဲ့ သရေကျစေမယ့် ချေပဂိုးကို အချိန်ပိုတွင် ပေးလိုက်ရပြီးနောက် အသင်းအတွက် စိတ်ပျက်ခဲ့ရကြောင်း လူကာကူ ဝန်ခံခဲ့ပါတယ်။ "ဒါက နေ့တစ်နေ့အဆုံးရဲ့ဘောလုံးပွဲတစ်ပွဲပါ၊ ဒိုင်လူကြီးရဲ့ ပွဲသိမ်းခရာမမှုတ်မခြင်း မပြီးသေးပါဘူး။ ဆက်ကစားရမှာပါ ဒါဟာ အသင်းရဲ့ လုပ်ဆောင်မှုပါ။ ဒီနေ့မှာ ကျွန်တော်တို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်" လို့ တိုက်စစ်မှူးက ပြောပါတယ်။

လက်ရှိမှာတော့ လူကာကူဟာ ရိုးမားတွင် အငှားလာရောက် ကစားနေတာဖြစ်ပြီး ပြိုင်ပွဲစုံမှာ စီးရီးအေကလပ်အတွက် ၁၈ ဂိုး သွင်းယူပေးထားပါတယ်။ သူ့ရဲ့စာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့်မပါရှိနေတာကြောင့် ဒီနွေရာသီမှာ လူကာကူ အင်္ဂလန်သို့ ပြန်လာရမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ တိုက်စစ်မှူးတစ်ဦး လိုအပ်နေသော်လည်း လူကာကူကတော့ ပရီးမီးယားလိဂ်ကလပ်မှာ ကျန်ရှိမယ့်ပုံတော့ မရှိပါဘူး၊ သူက ဆော်ဒီသို့ ပြောင်းရွှေ့မယ်လို့လည်း ကောလာဟလတွေထွက်နေပါတယ်။

လက်ရှိရာသီကိုတော့ လူကာကူက ရိုးမားနှင့် အဆုံးသတ်ရမှာဖြစ်ပြီး အီတလီကလပ်က ယူရိုပါလိဂ်မှာ အောင်မြင်မှုရရှိဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီရော့စီရဲ့အသင်းဟာ ကွာတားဖိုင်နယ်အဖြစ် စီးရီးအေပြိုင်ဘက် အေစီမီလန်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#စီးရီးအေ #ရိုးမား #အင်္ဂလန် #အေစီမီလန် #လူကာကူ