ရှေ့သို့
Image

ယူရို၂၀၂၄ပြိုင်ပွဲလက်ခံကျင်းပမယ့် မြို့များနဲ့ဘောလုံးကွင်းမျာအကြောင်း တစေ့တစောင်း

11:16 AM, 28 March

ယူရို၂၀၂၄ပြိုင်ပွဲကို ဂျာမနီနိုင်ငံတစ်လွှားက ကမ္ဘာ့အဆင့်ဘောလုံးကွင်းတွေမှာ ကျင်းပသွားဖို့ရှိနေပါတယ်။ ဒါကြောင့် ယူရို၂၀၂၄ပြိုင်ပွဲကို လက်ခံကျင်းပသွားမယ့် မြို့တွေနဲ့ဘောလုံးကွင်းများအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

၁။ဘာလင်
----------
၁၉၉၀ခုနှစ်မှာ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့ပြီးနောက် ဘာလင်က မြို့တော်ဖြစ်လာခဲ့ပြီး နိုင်ငံအတွင်းက စိတ်အလှုပ်ရှားဆုံးနဲ့ လေ့လာစရာအများဆုံးရှိနေတဲ့ မြို့တစ်ခုပဲ ဖြစ်ပါတယ်။ Brandenburg Gate၊ he 368m-tall TV tower တို့ဟာ ခရီးသွားတွေ မဖြစ်မနေသွားရောက်လေ့လာသင့်တဲ့နေရာတွေထဲ ပါဝင်နေပါတယ်။

Olympiastadion Berlinဘောလုံးကွင်း
----------------------------
ပရိသတ်ဝင်ဆံ့မှု - ၇၁၀၀၀
အိမ်ရှင်အသင်း - ဟာသာဘာလင်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၀၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲ

ယူရို၂၀၂၄ပြိုင်ပွဲရဲ့ အကြီးမားဆုံးဘောလုံးကွင်းဖြစ်ပြီး Olympiastadionကွင်းဟာ ၁၉၈၅ခုနှစ်နောက်ပိုင်း ဂျာမန်ရှုံးထွက်ဖလား ဗိုလ်လုပွဲတွေကို နှစ်စဉ်လက်ခံကျင်းပပေးခဲ့သလို နာမည်ကျော်နိုင်ငံတကာပွဲစဉ်တွေကိုလည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။ ဘာလင်ကွင်းဟာ အီတလီနဲ့ ပြင်သစ်တို့ ကစားခဲ့ကြတဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၊ ၉နှစ်အကြာမှာ ဘာစီလိုနာက ဂျူဗင်တပ်စ်ကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကို လက်ခံကျင်းပခဲ့ပါတယ်။

Olympiastadionကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
------------------------------------
စပိန် - ခရိုအေးရှား
ပိုလန် - ဩစတြီးယား
နယ်သာလန် - ဩစတြီးယား
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ
ကွာတားဖိုင်နယ်ပွဲစဉ်၁ပွဲ
ဗိုလ်လုပွဲ

၂။ကိုလုံး
---------
သမိုင်းကြောင်းများစွာရှိခဲ့ဖူးတဲ့ ကိုလုံးမြို့ဟာ ရိုင်းမြစ်ပေါ်မှာ တည်ရှိပြီး နေထိုင်သူလူဦးရေ ၁သန်းကျော်ရှိကာ ဂျာမနီမှာ လက်ရောက်လည်ပတ်မှုအများဆုံးနေရာတစ်ခုလည်း ဖြစ်ပါတယ်။ the Cathedral Church of Saint Peter, a UNESCO World Heritage Siteတို့ကတော့ ခရီးသွားတွေ သွားရောက်လည်ပတ်နေကြနေရာတွေပဲ ဖြစ်ပါတယ်။

ကိုလုံးဘောလုံးကွင်း
-----------
ပရိသတ်ဝင်ဆံ့မှု - ၄၃၀၀၀
အိမ်ရှင်အသင်း - ကိုလုံး
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၂၀ ယူရိုပါလိဂ်ဗိုလ်လုပွဲ

ကိုလုံးအသင်းရဲ့အိမ်ကွင်းစဖြစ်ပြီး ၂၀၀၆ကမ္ဘာ့ဖလားပွဲစဉ်တွေကို လက်ခံကျင်းပဖို့ ပြန်လည်တည်ဆောက်ထားတဲ့ ကွင်းတစ်ကွင်းလည်း ဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်နောက်ပိုင်း ဂျာမန်အမျိုးသမီးရှုံးထွက်ဗိုလ်လုပွဲစဉ်တွေကို လက်ခံကျင်းပခဲ့သလို American Football၊ ရေခဲပြင်ဟော်ကီ၊ ဂီတပွဲတွေကိုလည်း လက်ခံကျင်းပနေကျ ကွင်းတစ်ခု ဖြစ်ပါတယ်။

ကိုလုံးဘောလုံးကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
-------------------------------------
ဟန်ဂေရီ - ဆွစ်ဇာလန်
စကော့တလန် - ဆွစ်ဇာလန်
ဘယ်လ်ဂျီယံ - ရိုမေးနီးယား
အင်္ဂလန် - ဆလိုဗေးနီးယား
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ

၃။ဒေါမွန်
--------
Ruhrပြည်နယ်မှာ ယဉ်ကျေးမှုအထွန်းကားဆုံးမြို့ဖြစ်ပြီး ဒေါ့မွန်ကို ကျောက်မီးသွေး၊ သံမဏိနဲ့ ဘီယာတို့ကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒေါ့မွန်မြို့မှာ နည်းပညာဖွံ့ဖြိုးတဲ့မြို့အဖြစ် သတ်မှတ်ခံထားရသလို အားကစားဆိုင်ရာ အောင်မြင်မှုတွေအများအပြားရရှိရာဒေသလည်း ဖြစ်ခဲ့ပါတယ်။


BVB Stadion Dortmundကွင်း
----------------------------
ပရိသတ်ဝင်ဆံ့မှု - ၆၂၀၀၀
အိမ်ရှင်အသင်း - ဒေါ့မွန်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၀၁ ယူအီးအက်ဖ်အေဖလားဗိုလ်လုပွဲ

Yellow Wall ပွဲကြည့်စင်ကြောင့် ကမ္ဘာ့ဘောလုံးလောကမှာ အကျော်ကြားဆုံးကွင်းတစ်ခုဖြစ်ပြီး ယူရို၂၀၂၄ပြိုင်ပွဲမှာ အကြီးမားဆုံးကွင်းတစ်ခုဖြစ်သလို ယခင်ကလည်း ကမ္ဘာ့ဖလားနဲ့ ဥရောပပွဲစဉ်အများစုကို လက်ခံကျင်းပခဲ့ဖူးပါတယ်။

BVB Stadion Dortmundကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
-----------------------------
အီတလီ - အယ်ဘေးနီးယား
တူရကီ - ဂျော်ဂျီယာ
တူရကီ - ပေါ်တူဂီ
ပြင်သစ် - ပိုလန်
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ
ဆီမီးဖိုင်နယ်ပွဲစဉ်၁ပွဲ

၄။ဒက်ဆယ်ဒေါ့ဖ်မြို့
-------------------
Rhine-Westphaliaမြောက်ပိုင်းရဲ့ မြိုတော်ဖြစ်တဲ့ ဒက်ဆယ်ဒေါ့ဖ်မြို့မှာ နေထိုင်သူ ၆၅၀၀၀၀အထိရှိပြီး ဘီယာဆိုင်တွေနဲ့ စားသောက်ပေါင်း ၂၅၀ကျော်အထိရှိနေသလို ကမ္ဘာ့အကြီးဆုံးဘားလည်း အဆိုပါမြို့မှာရှိနေပါတယ်။

Düsseldorf Arenaကွင်း
------------------
ပရိသတ်ဝင်ဆံ့မှု - ၄၇၀၀၀
အိမ်ရှင်အသင်း - ဒက်ဆယ်ဒေါ့ဖ်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၁၉၈၈ခုနှစ် ဥရောပဖလားအုပ်စုပွဲစဉ်များ

ဒက်ဆယ်ဒေါ့ဖ်ရဲ့အိမ်ကွင်းဟာ ယူရို၂၀၂၄ပြိုင်ပွဲရဲ့ အသေးဆုံးကွင်းတွေထဲကတစ်ကွင်းဖြစ်ပေမယ့် ပရိသတ် ၄၀၀၀၀ကျော် ဝင်ဆံ့ပါတယ်။

Düsseldorf Arenaကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
-----------------------------
ဩစတြီးယား - ပြင်သစ်
ဆလိုဗက်ကီးယား - ယူကရိန်း
အယ်ဘေးနီးယား - စပိန်
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ
ကွာတားဖိုင်နယ်ပွဲစဉ်၁ပွဲ

၅။ဖရန့်ဖတ်မြို့
----------------
မိန်းမြစ်ပေါ်မှာတည်ရှိနေတဲ့ မြို့ဖြစ်ပြီး စီးပွားရေးနဲ့ ဘဏ္ဍာရေးမြို့တော်အဖြစ် ထင်ရှားပါတယ်။ ဖရန့်ဖတ်မြို့ဟာ ဂျာမနီနိုင်ငံရဲ့အကြီးမားဆုံးမြို့၅မြို့မှာ ပါဝင်ပြီး Mainhattanလို့ နာမည်ပြောင်ပေးခြင်းခံထားရပါတယ်။

Frankfurt Arenaကွင်း
--------------------------
ပရိသတ်ဝင်ဆံ့မှု - ၄၇၀၀၀
အိမ်ရှင်အသင်း - ဖရန့်ဖတ်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၀၂ အမျိုးသမီး ယူအီးအက်ဖ်အေဖလားဗိုလ်လုပွဲ၊ ၂၀၀၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်

၁၉၂၅ခုနှစ်ကတည်းက တည်ဆောက်ထားတဲ့ ဖရန့်ဖတ်ကွင်းဟာ ၁၉၈၈ ယူအီးအက်ဖ်အေ ပြိုင်ပွဲ၊ ၂၀၀၆ ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးတော်တော်များများကို လက်ခံကျင်းပခဲ့ပါတယ်။

Frankfurt Arenaကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
-------------------------------------
ဘယ်လ်ဂျီယံ - ဆလိုဗက်ကီးယား
ဒိန်းမတ် - အင်္ဂလန်
ဆွစ်ဇာလန် - ဂျာမနီ
ဆလိုဗက်ကီးယား - ရိုမေးနီးယား
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ

၆။ဂျယ်ဆန်ကာချန်မြို့
----------------------
ကျောက်မီးသွေးမိုင်းတွင်းတွေ၊ သံမဏိပြုလုပ်မှုတွေကြောင့် နာမည်ကြီးခဲ့တဲ့ မြို့ဖြစ်ပေမယ့် ခရီးသွားတွေကတော့ လက်ရှိမှာ အမြဲစိမ်းတောတွေ၊ ပြဇာတ်ရုံတွေ၊ လှေစီးတာတွေအတွက် သွားရောက်လည်ပတ်ကြသလို သမိုင်းဝင်အမွှေအနှစ်တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

Arena AufSchalke ကွင်း
--------------------
ပရိသတ်ဝင်ဆံ့မှု - ၅၀၀၀၀
အိမ်ရှင်အသင်း - ရှော်လ်ကေး
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၀၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ၂၀၀၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်

၂၀၀၁ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Arena AufSchalke ကွင်းဟာ ဂျာမန်ချန်ပီယံ၇ကြိမ်၊ ၁၉၉၆-၉၇ ယူအီးအက်ဖ်အေဖလားချန်ပီယံဖြစ်ဖူးတဲ့ ရှော်လ်ကေးအသင်းရဲ့အိမ်ကွင်းဖြစ်ပြီး အသွင်းအထုတ်ပြုလုပ်နိုင်တဲ့ ကွင်းအမိုးကို ပိုင်ဆိုင်ထားပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တုန်းက ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ဒီကွင်းမှာ အနိုင်ယူကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Arena AufSchalke ကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
------------------------------------------
ဆားဘီးယား - အင်္ဂလန်
စပိန် - အီတလီ
ဂျော်ဂျီယာ - ပေါ်တူဂီ
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ

၇။ဟမ်းဘတ်မြို့
------------------
ဥရောပမှာ မြို့တော်မဟုတ်တဲ့ မြို့တွေထဲ တတိယမြောက် အကြီးဆုံးမြို့ဖြစ်ပြီး ဟမ်းဘတ်ဟာ ကမ္ဘာမှာကျော်ကြားတဲ့ ဆိပ်ကမ်းရှိတဲ့မြို့ဖြစ်သလို သမိုင်းကြောင်အစဉ်အလာ​ကြီးမားပြီး အနုပညာလက်ရာမြောက်တဲ့ အဆောက်အဦးတွေရှိကာ Nightlifeကြောင်လည်း ခရီးသွားအများစု လာရောက်လည်ပတ်ကြတဲ့မြို့ဖြစ်နေပါတယ်။

Volksparkstadion Hamburgကွင်း
-------------------------------
ပရိသတ်ဝင်ဆံ့မှု - ၄၉၀၀၀
အိမ်ရှင်အသင်း - ဟမ်းဘတ်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၁၀ ယူရိုပါလိဂ်ဗိုလ်လုပွဲ၊ ၂၀၀၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်

၁၉၅၃ခုနှစ်မှာ ကွင်းကို စတင်ဖွင့်လှစ်ခဲ့ပေမယ့် ၂၀၀၀ခုနှစ်မှာ ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ၁၉၈၈ ယူအီးအက်ဖ်အေပြိုင်ပွဲ၊ ၁၉၇၄နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတွေကို လက်ခံကျင်းပခဲ့ပါတယ်။

Volksparkstadion Hamburgကွင်းကြီးက ယူရို၂၀၂၄ပြိုင်ပွဲမှာ လက်ခံကျင်းပမယ့် ပွဲစဉ်များ
-------------------------------------
ပိုလန် - နယ်သာလန်
ခရိုအေးရှား - အယ်ဘေးနီးယား
ဂျော်ဂျီယာ - ချက်
ချက် - တူရကီ
ကွာတားဖိုင်နယ်ပွဲစဉ်၁ပွဲ

၈။လိုက်ပ်ဇစ်မြို့
-------------------
Johann Sebastian Bachရဲ့ မွေးရပ်မြေဖြစ်တဲ့ လိုက်ပ်ဇစ်မြို့ဟာ ဂျာမနီနိုင်ငံကို ပြန်လည်ပေါင်းစည်းစေခဲ့တဲ့ ၁၉၈၉ခုနှစ်က ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုအပြင် သမိုင်းကြောင်းအစဉ်အလာတွေကြောင့် နာမည်ကျော်ပါတယ်။

လိုက်ပ်ဇစ်ကွင်း
-------------
ပရိသတ်ဝင်ဆံ့မှု - ၄၀၀၀၀
အိမ်ရှင်အသင်း - လိုက်ပ်ဇစ်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၀၆ ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်များ၊ ၁၆သင်းအဆင့်ပွဲစဉ်များ

လိုက်ပ်ဇစ်ရဲ့အိမ်ကွင်းဖြစ်ပြီး ၂၀၀၄ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ကာ ကွင်းရဲ့အမိုင်းက အနုပညာလက်ရာတွေကြောင့် ထင်ရှားသလို အနောက်ဂျာမနီရဲ့ အကြီးမားဆုံးဘောလုံးကွင်းလည်း ဖြစ်ပါတယ်။

လိုက်ပ်ဇစ်ဘောလုံးကွင်းကြီးက လက်ခံကျင်းပသွားမယ့်ပွဲစဉ်များ
------------------------------
ပေါ်တူဂီ - ချက်
နယ်သာလန် - ပြင်သစ်
ခရိုအေးရှား - အီတလီ
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ

၉။မြူးနစ်မြို့
-------------
နေထိုင်သူ ၁.၆သန်းဝန်းကျင်ရှိပြီး ဂျာမနီရဲ့ တတိယမြောက် အကြီးဆုံးမြို့ဖြစ်ကာ သမိုင်းကြောင်းတွေ၊ အနုပညာလက်ရာတွေ၊ ပန်းခြံတွေ၊ ဘီယာသောက်စရာတွေနေရာတွေကြောင့် ထင်ရှားပါတယ်။

Munich Football Arena ကွင်း
-------------------------
ပရိသတ်ဝင်ဆံ့မှု - ၆၆၀၀၀
အိမ်ရှင်အသင်း - ဘိုင်ယန်မြူးနစ်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ယူရို၂၀၂၀ ကွာတားဖိုင်နယ်

ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ၁၈၆၀ မြူးနစ်အသင်းက ဒေသခံတွေစုပေါင်းကာ တည်ဆောက်ခဲ့တဲ့ကွင်းဖြစ်ပြီး ၂၀၀၅ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် ဘိုင်ယန်ကသာ ပိုင်ဆိုင်ခွင့်အပြည့်အ၀ ရယူထားခဲ့ပါတယ်။ မြူးနစ်ကွင်းဟာ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ရင်ဆိုင်ခဲ့တဲ့ အမှတ်ရစရာ ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ အီတလီက ဘယ်လ်ဂျီယံကို အနိုင်ယူခဲ့တဲ့ ယူရို၂၀၂၀ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လက်ခံကျင်းပခဲ့ပါတယ်။

Munich Football Arena ကွင်းကြီးက လက်ခံကျင်းပသွားမယ့်ပွဲစဉ်များ
------------------------------
ဂျာမနီ - စကော့တလန်
ရိုမေးနီးယား - ယူကရိန်း
ဆလိုဗေးနီးယား - ဆားဘီးယား
ဒိန်းမတ် - ဆားဘီးယား
၁၆သင်းအဆင့်ပွဲစဉ်၁ပွဲ
ဆီမီးဖိုင်နယ်ပွဲစဉ်၁ပွဲ

၁၀။စတုဂတ်မြို့
-----------------
စတုဂတ်မြို့ဟာ ဂျာမနီရဲ့ စက်မှုထွန်းကားရာမြို့ဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး ကားcompanyတွေဖြစ်တဲ့ Mercedes and Porscheတို့ အခြေစိုက်ရာမြို့လည်း ဖြစ်ပါတယ်။ ခရီးသွားတွေကတော့ ဝိုင်ပြုလုပ်တာတွေ၊ ချက်ပြုတ်တာတွေ၊ pancakeပြုလုပ်တာတွေကို ဒေသခံ ကျွမ်းကျင်သူတွေထံကနေ လာရောက်လေ့လာကြပါတယ်။

Stuttgart Arena ကွင်း
----------------------
ပရိသတ်ဝင်ဆံ့မှု - ၅၁၀၀၀
အိမ်ရှင်အသင်း - စတုဂတ်
ယခင်က လက်ခံကျင်းပခဲ့ဖူးတဲ့ ပြိုင်ပွဲကြီးများ - ၁၉၉၈ ဥရောပဖလားဗိုလ်လုပွဲ၊ ၂၀၀၆ ကမ္ဘာ့ဖလား တတိယလုပွဲ

စတုဂတ်ရဲ့အိမ်ကွင်းဟာ ၁၉၉၃ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပေမယ့် ပြန်လည်တည်ဆောက်မွမ်းမံမှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။ ၁၉၇၄နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲက ပွဲစဉ်တွေကို လက်ခံကျင်းပခဲ့သလို ၁၉၈၈ ဥရောပဖလားကိုလည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။

Stuttgart Arena ကွင်းကြီးက လက်ခံကျင်းပသွားမယ့်ပွဲစဉ်များ
------------------------------
ဆလိုဗေးနီးယား - ဒိန်းမတ်
ဂျာမနီ - ဟန်ဂေရီ
စကော့တလန် - ဟန်ဂေရီ
ယူကရိန်း - ဘယ်လ်ဂျီယံ
ကွာတားဖိုင်နယ်ပွဲစဉ်၁ပွဲ



#ဂျာမနီ #ယူရို၂၀၂၄