ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်နဲ့ အံ့အားသင့်စရာ စာချုပ်သက်တမ်းတိုးဖွယ်ရှိတဲ့ ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်

9:48 AM, 28 March

ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမနီကွင်းလယ်ကစားသမား တိုနီခရူးစ်က အန်ဆယ်လော့တီရဲ့အသင်းမှာ သူ့ရဲ့ကစာသမားဘဝကို ဆက်ရှိနေဖို့အတွက် စာချုပ်သက်တမ်းတိုးမှုတစ်ခုလုပ်ဆောင်သွားဖို့ နီးစပ်နေပါပြီ။

အခုဘောလုံးရာသီကုန်ဆုံးချိန် စပိန်ထိပ်သီးကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ခရူးစ်က အသင်းမှာ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့ပုံရပါတယ်။ နာမည်ကြီးသတင်းထောက် ရိုမာနိုနဲ့ အဆိုအရ ဝါရင့်ကွင်းလယ်လူဟာ စပိန်နိုင်ငံရဲ့မြို့တော်မှာ ၂၀၂၅ ခုနှစ်အထိ ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

အခုဘောလုံးရာသီမှာ တိုနီခရူးစ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်စားသမား စာရင်းဆီ ပြန်လည်ဝင်ရောက်လာပြီး လာလီဂါပွဲစဉ် ၂၀ ပွဲကို အသင်းအတွက် ပွဲထွက်ကစားပေးထားပါတယ်။ ဒါက ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အန်ဆယ်လော့တီက ဝါရင့်ကွင်းလယ်လူကို စပိန်နိုင်ငံရဲ့မြို့တော်ကြီးမှာ ရင်ဆိုင်ရမယ့် အကူးအပြောင်းကာလတစ်ခုအတွက် ပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်လောက်တုန်းကလည်း ကွင်းလယ်လူက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ဖူးပါတယ်။

တိုနီခရူးစ်က “ယူရိုပြိုင်ပွဲကြီးအပြီး ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ အတော်များများ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုအချိန်အထိ ကျွန်တော်က လာမယ့်ဘောလုံးရာသီအတွက် ကလပ်အသင်းတစ်ခုနဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားတာမျိုး မရှိသေးပါဘူး။ ဒါကို အရင်ဆုံးရှင်းလင်းသွားအောင် ကျွန်တော်လုပ်သွားရပါမယ်”လို့ ပြောပါတယ်။

လတ်တလောမှာတော့ ခရူးစ်က မက်ဒရစ်မှာပဲ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေဖို့ အလားအလာများပြားနေပါတယ်။ ဒီမတိုင်ခင်အထိ သူက ရီးရဲလ်မက်ဒရစ်ရဲ့ ပင်တိုင်ကစားသမားအဖြစ် ပုံဖော်ထားနိုင်ပါတယ်။ စပိန်ထိပ်သီးကလပ်က အမှတ်ပေးဇယား ဦးဆောင်သူနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လာမယ့်တနင်္ဂနွေနေ့မှာ ဘီလ်ဘာအိုနဲ့ ရင်ဆိုင်ကစားရပါမယ်။

#လာလီဂါ #ဂျာမနီ #ရီးရဲလ်မက်ဒရစ် #ခရူးစ်