ရှေ့သို့
Image

ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို၂၀၂၄ပြိုင်ပွဲအကြောင်း သိကောင်းစရာများ

8:30 AM, 28 March

ယူရို၂၀၂၄ပြိုင်ပွဲကို ဇွန်လ၁၄ရက်နေ့ကနေ ဇူလိုင်လ ၁၄ရက်နေ့အထိ ဂျာမနီနိုင်ငံမှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဂျာမနီနိုင်ငံဟာ အိမ်ရှင်အသင်းဖြစ်တာကြောင့် ခြေစစ်ပွဲ အလိုအလျှောက်အောင်မြင်ခဲ့ပါတယ်။

၁၉၈၈ခုနှစ်မှာ အနောက်ဂျာမနီက ယူရိုပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပေမယ့် ဒီတစ်ခေါက် အိမ်ရှင်အဖြစ်ကျင်းပတာဟာ ဂျာမနီနိုင်ငံ ပြန်လည်ပူးပေါင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။ ယူရို၂၀၂၄ပြိုင်ပွဲကို အသင်းပေါင်း ၂၄သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ပိုလန်၊ ယူကရိန်းနဲ့ ဂျော်ဂျီယာတို့ကတော့ ပလေးအော့ဖ်ကနေ တက်လာခဲ့တာ ဖြစ်ပါတယ်။

အုပ်စုအဆင့်မဲခွဲမှုရလဒ်ကတော့
အုပ်စု A - ဂျာမနီ၊ စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်
အုပ်စု B - စပိန်၊ ခရိုအေးရှား၊ အီတလီ၊ အယ်ဘေးနီးယား
အုပ်စု C - ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယား၊ အင်္ဂလန်
အုပ်စု D - ပိုလန်၊ နယ်သာလန်၊ ဩစတြီးယား၊ ပြင်သစ်
အုပ်စု E - ဘယ်လ်ဂျီယံ၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ယူကရိန်း
အုပ်စု F - တူရကီ၊ ဂျော်ဂျီယာ၊ဈ ပေါ်တူဂီ၊ ချက်

အုပ်စု ၆ခုရှိရာမှာ အုပ်စုပထမနဲ့ဒုတိယနေရာကအသင်းတွေအနေနဲ့ ၁၆သင်းအဆင့်ကို တက်ရောက်မှာဖြစ်ပြီး အကောင်းဆုံးတတိယရတဲ့၄သင်းလည်း နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ရှိနေပါတယ်။ ပွဲစဉ်ဇယားတွေအနေနဲ့ကတော့ ဇွန်လ ၁၄ရက်နေ့မှာ အုပ်စုအဆင့်ပွဲစဉ်တွေ စတင်မှာဖြစ်ပြီး ဇွန်လ ၃၀ရက်နေ့ကနေ ဇူလိုင်လ၂ရက်နေ့အထိ ၁၆သင်းအဆင့်ပွဲစဉ်တွေ ကစားသွားဖို့ စီစဉ်ထားပါတယ်။

ဇူလိုင်လ ၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှာ ကွာတားဖိုင်နယ်၊ ၉ရက်နေ့နဲ့ ၁၀ရက်နေ့တွေမှာ ဆီမီးဖိုင်နယ်၊ ဇူလိုင်လ ၁၄ရက်နေ့မှာ ဗိုလ်လုပွဲစသဖြင့် အသီးသီးကစားသွားဖို့ ပြင်ဆင်ထားပါတယ်။ ယူရို၂၀၂၄ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ ဘာလင်မှာရှိတဲ့ Olympiastadionကွင်းကြီးထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

ယူရို၂၀၂၄ပြိုင်ပွဲတွေကို ဂျာမနီက ဘောလုံးကွင်း၁၀ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ လက်ခံကျင်းပသွားမယ့် မြို့တွေနဲ့ ကွင်းတွေကတော့
၁။ဘာလင်မြို့ - Olympiastadionကွင်း
၂။ကိုလုံးမြို့ - ကိုလုံးကွင်း
၃။ဒေါ့မွန်မြို့ - ဒေါ့မွန်ကွင်း
၄။ဒက်ဆယ်ဒေါ့ဖ်မြို့ - ဒက်ဆယ်ဒေါ့ဖ်ကွင်း
၅။ဖရန့်ဖတ်မြို့ - ဖရန့်ဖတ်ကွင်း
၆။ဂျယ်ဆန်ကီချန်မြို့ - AufSchalkeကွင်း
၇။ဟမ်းဘတ်မြို့ - Volksparkstadion Hamburgကွင်း
၈။လိုက်ပ်ဇစ်မြို့ - လိုက်ပ်ဇစ်ကွင်း
၉။မြူးနစ်မြို့ - အလီယန့်ဇ်ကွင်း
၁၀။စတုဂတ်မြို့ - စတုဂတ်ကွင်း

#ဂျာမနီ #ယူရို၂၀၂၄