ရှေ့သို့
Image

လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း အာဆင်နယ်နှင့် ပွဲမတိုင်မီ ဒဏ်ရာရရှိသွားတဲ့ အကန်ဂျီ

10:35 AM, 27 March

အင်္ဂါနေ့ ဒူဘလင်မှာ ဆွစ်ဇာလန်ဟာ အိုင်ယာလန်နှင့် ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး အဆိုပါပွဲကို အကန်ဂျီက ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ လက်ရွေးစင်အသင်းရဲ့ နောက်ဆုံး ၁၆ ပွဲမှာ ပါဝင်ကစားခဲ့သော်လည်း အိုင်ယာလန်နှင့်ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ၂၀၂၂ ခုနှစ်မှာ ဒေါ့မွန်ကနေ မန်စီးတီးသို့ ပြောင်းလာခဲ့တဲ့ ဗဟိုခံစစ်မှူးဟာ လက်ရှိရာသီမှာ ဂွါဒီယိုလာအတွက် အဓိက ကစားသမားတစ်ဦးဖြစ်နေပြီး လိဂ်ပွဲ ၂၈ ပွဲရဲ့ ၁၉ ပွဲမှာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။

စနေနေ့က ဘရာဇီးနှင့်ပွဲမှာ ဝေါ်ကာက အင်္ဂလန်အတွက် ကစားပေးရင်း ဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်စီးတီးအတွက် နောက်ထပ် ဒဏ်ရာရရှိမှု ဖြစ်လာတာပါ။ ဗီနီဆီးယက်စ်ဂျူနီယာကို တားဆီးဖို့ ကြိုးစားရင်း အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ ဘယ်ဘက်တံကောက်ကြောမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

သူသာ ပွဲကစားချိန်မိနစ် ၂၀ မှာ ကွန်ဆာနှင့် လူစားလဲခြင်းခံခဲ့ရပြီး အဲ့ဒီနောက် ဘယ်လ်ဂျီယံနှင့်ကစားမယ့် အသင်းရဲ့လူစာရင်းကနေ နှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ အင်္ဂလန်သားရဲ့ကြံ့ခိုင်မှုအတွက် စိုးရိမ်နေရတာဖြစ်ပြီး ဝေါ်ကာရဲ့ဒဏ်ရာက အသေးစားသာဖြစ် ကလပ်က မျှော်လင့်နေပြီး ဒါမှသာ အာတီတာရဲ့အသင်းနှင့်ပွဲမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

သို့သော်လည်း ဒီဘရိုင်းနှင့် ဂရီးလစ်ချ်တို့ကတော့ ဒီတစ်ပတ်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပြီဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ၂ ဦးစလုံးဟာ ပေါင်ခြံဒဏ်ရာဖြင့် ရုန်းကန်နေကြရတာဖြစ်ပြီး ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နှုတ်မထွက်မီ ဒီဘရိုင်းကတော့ နယူးကာဆယ်အား အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဟာ နော်ဝေအသင်းရဲ့ ဆလိုဗားကီးယားနှင့်ကစားမယ့် ခြေစမ်းပွဲကို စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ ဒီတစ်ပတ် မန်ချက်စတာမှာ ထိပ်တိုက်တွေ့ဆုံမှုမတိုင်မီ ဟာလန်းနှင့် အိုဒီဂတ်တို့ဟာ နိုင်ငံအသင်းအတွက် ပွဲထွက်ကစားပေးရဖို့ရှိနေတာဖြစ်ပါတယ်။

#အိုင်ယာလန် #ဆွစ်ဇာလန် #အကန်ဂျီ #ခြေစမ်းပွဲ