ရှေ့သို့
Image

မက်ဆီမပါဘဲ ကစားမယ့် အာဂျင်တီးနားအသင်းရဲ့ အခြေအနေကို ပြောကြားလိုက်တဲ့ မက်အယ်လစ္စတာ

10:33 AM, 27 March

အသင်းခေါင်းဆောင် မက်ဆီ မပါဘဲ ကစားရမယ့်အချိန်မှာ အာဂျင်တီးနားအနေနဲ့ တောင့်တင်းအောင်ကြိုးစားကစားသွားမှာဖြစ်ကြောင်း အသက် ၃၇ နှစ်အရွယ် ကစားသမား ပါဝင်မယ်ဆိုရင်တော့ ပြိုင်ဘက်တွေက ပိုမိုကြောက်ရွံ့မှာဖြစ်ပါတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အင်တာမီယာမီရဲ့ CONCACAF ချန်ပီယံဖလားပွဲအဖြစ် နက်ချ်ဗီးလ်နှင့် ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် မတ်လမှာ ကစားမယ့် ခြေစမ်းပွဲရဲ့ လူစာရင်းကနေ မက်ဆီက နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီကတည်းက ဘာစီလိုနာစတားဟောင်းဟာ ကလပ်ရဲ့ MLS ပွဲစဉ်ဖြစ်တဲ့ ဒီစီယူနိုက်တက်နှင့် ပွဲကိုလွဲချော်ခဲ့သလို ခြေစမ်းပွဲ ကစားမယ့် စကာလိုနီရဲ့အသင်းမှာလည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။

ESPN သို့ မက်အယ်လစ္စတာက "အသင်းအတွက် ကျွန်တော်တို့က အမြဲတမ်း အာရုံစိုက်ထားတာပါ။ လီယို ဒီမှာမရှိတဲ့အချိန် ကျွန်တော်တို့မှားတဲ့အခါ ကယ်တင်မယ့် သူမရှိတဲ့အတွက်ကြောင့် အသင်းကပိုပြီး တောင့်တင်းအောင်လုပ်ဆောင်ရမှာပါ" "အသင်းမှာ လီယိုရှိတဲ့အချိန်မှာတော့ ပြိုင်ဘက်တွေက ပိုမိုကြောက်ရွှံ့တယ်ဆိုတာက ပုံမှန်ပါပဲ" "သို့သော်လည်း ဥရောပအသင်းကြီးတွေမှာ ကစားနေတဲ့ သူတွေပါဝင်နေတာကြောင့် အာဂျင်တီးနားလက်ရွေးစင်အသင်းကို ကြည့်လိုက်မယ်ဆိုရင် ဒါဟာ လွယ်ကူတဲ့ပွဲတစ်ပွဲမဟုတ်ဘူးဆိုတာကို အားလုံးသိကြမှာဖြစ်ပြီး ဒါကလည်း ကျွန်တော်တို့ လိုချင်နေတဲ့အရာပါပဲ။ ကျွန်တော်တို့ကလည်း အကောင်းဆုံး လုပ်ဆောင်လိုပြီး ဒါမှသာ ပြိုင်ဘက်အတွက် ခက်ခဲတဲ့ရက်တစ်ရက်ဖြစ်မှာပါ" လို့ ပြောပါတယ်။

၂၀၂၄ ကိုပါအမေရိအတွက် ပြင်ဆင်မှုအဖြစ် လက်ရှိချန်ပီယံတွေဟာ အယ်လ်ဆယ်ဗာဒေါကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယုံကြည်မှု မြင့်တက်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ကော်စတာရီကာနှင့် ဒုတိယမြောက် ခြေစမ်းပွဲကို ကစားရမှာဖြစ်ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #မက်အယ်လစ္စတာ