ရှေ့သို့
Image

မိုင်နူးက အင်္ဂလန်အတွက် မတူညီတဲ့အရာတစ်ခုကို ပေးစွမ်းပါတယ်လို့ ပြောလိုက်တဲ့ ဆောက်ဂိတ်

10:03 AM, 27 March

အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်က လူငယ်ကြယ်ပွင့်လေး ကိုဘီမိုင်နူးဟာ အသင်းရဲ့ကွင်းလယ်အတွက် မတူညီတဲ့အရာတစ်ခုကို ပေးစွမ်းပါတယ်လို့ ပြောခဲ့ပါတယ်။ မနေ့ညက ဘယ်လ်ဂျီယံနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း မိုင်နူးဟာ အင်္ဂလန်ကွင်းလယ်မှာ ဒီကလန်ရိုက်စ်၊ ဘယ်လင်ဟမ်တို့နဲ့အတူ အတွဲညီညီကစားနိုင်ခဲ့ပါတယ်။

ဆောက်ဂိတ်က "မိုင်နူးက ကွင်းလယ်အတွက် အခြားသူတွေနဲ့မတူတဲ့အရာတစ်ခုကို ပေးစွမ်းပြီး သူလုပ်ပြခဲ့တာတွေအတွက် ကျွန်တော်တို့ တော်တော်လေးကျေနပ်ပါတယ်။ သူ့ရဲ့အရည်အသွေးတွေကို အားလုံးမြင်နိုင်သလို ဖိအားတွေ၊ စိန်ခေါ်မှုတွေအောက်ကနေ ဘောလုံးကိုရအောင်ထုတ်ပြီး ကစားတတ်တာက တကယ်ကို မိုက်ပါတယ်"လို့ ပြောခဲ့ပါတယ်။

တိုက်စစ်မှူး တိုနေးကလည်း "ကျွန်တော် အသက်၁၈နှစ်တုန်းကဆိုရင် Xboxကစားနေတုန်းဖြစ်မှာပါ။ အခု မိုင်နူးက ၁၈နှစ်မှာ အင်္ဂလန်အတွက် ကစားပေနေပါပြီ။ သူက ဘောလုံးကို ပေါ့ပေါ့ပါးပါး ကစားတတ်သူဖြစ်ပြီး သူ ထိပ်ဆုံးနေရာရောက်ဖို့ အရည်အချင်းတွေ ထပ်ရှိသေးတယ်ဆိုတာ သေချာပါတယ်"လို့ ချီးကျူးခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #မိုင်နူး