ရှေ့သို့
Image

ပြိုင်ဘက်တွေကို အနိုင်ယူပြီး ယူရို၂၀၂၄ပြိုင်ပွဲကြီးဆီ ရောက်ရှိခဲ့ကြတဲ့ ပိုလန်၊ ယူကရိန်းနဲ့ ဂျော်ဂျီယာ

8:59 AM, 27 March

ပိုလန်အသင်းဟာ မနေ့ညက ပလေးအော့ဖ်ဖိုင်နယ်မှာ ဝေးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ယူရို၂၀၂၄ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ကမ္ဘာ့အဆင့် ၂၉နဲ့ ၃၀တို့ ရင်ဆိုင်ကြတဲ့ ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံး အသာရယူနိုင်ခဲ့ခြင်းမရှိဘဲ ဝေးလ်ဘက်က အခွင့်အရေးပိုရတယ်ဆိုပေမယ့် အဆုံးသတ်ကတော့ အားနည်းခဲ့ပါတယ်။ မိနစ်၉ဝပြည့်ချိန် ဂိုးမရှိသရေဖြစ်နေလို့ မိနစ်၃၀ အချိန်ပိုကစားရာမှာ ပွဲပြီးခါနီး ဝေးလ်နောက်ခံလူ မီဖန်း ၂ဝါ၁နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ၁၀ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ဝေးလ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က ပဉ္စမမြောက်ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ပိုလန်အသင်းက ယူရိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ယူကရိန်းကတော့ အိုက်စလန်ကို မိနစ်၉၀အတွင်း ၂-၁ဂိုးနဲ့ အနိုင်ယူကာ ယူရိုပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ၃ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာကြောင့် အခု ပလေးအော့ဖ်ဖိုင်နယ်မှာလည်း အနိုင်ရဖို့အတွက် ရည်မှန်းချက်ထားလာခဲ့ပါတယ်။ ဒါပေမယ့် မိနစ်၃၀မှာ အိုက်စလန်က ဂွတ်ဒ်မန်ဆန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာကြောင့် ယူကရိန်းတို့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ယူကရိန်းရဲ့ကစားအားပိုကောင်းလာခဲ့ပြီး ဆိုင်ဂန်ကော့ဗ်က ယူကရိန်းအတွက် ချေပဂိုး၊ မာဒရစ်ခ်က အဖိုးတန်အနိုင်ဂိုးတို့ကို သွင်းယူပေးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဂျော်ဂျီယာက ဂရိကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ယူရိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

#ပိုလန် #ယူကရိန်း #ဝေးလ် ယူရို၂၀၂၄ခြေစစ်ပွဲ