ရှေ့သို့
Image

ဒဏ်ရာကနေသက်သာလာတာကြောင့် နာပိုလီအတွက် ပြန်လည်ကစားပေးနိုင်တော့မယ့် အိုဆီမင်

1:56 PM, 26 March

နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမင်ဟာ ဒဏ်ရာကနေသက်သာလာတာကြောင့် အသင်းအတွက်ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ဖို့ နီးစပ်နေပြီလို့သိရပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ အင်တာမီလန်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အမာရွတ်ဟောင်း ရောင်ရမ်းမှုဒဏ်ရာကြောင့် ခြေစမ်းပွဲစဉ်တွေ ကစားမယ့် နိုင်ငံအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။

သို့သော်လည်း အခုချိန်မှာတော့ အိုဆီမင်ဟာ ကြံ့ခိုင်ရေးပြန်လည်တည်ဆောက်နေပြီး အတ္တလန္တာနဲ့ပွဲစဉ်မှာ ပါဝင်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဗဟိုတိုက်စစ်မှူးဟာ အသင်းဖော်တွေနဲ့ ပူးပေါင်းပြီး လေ့ကျင့်ရေးအစီအစဉ်တွေ မလုပ်နိုင်သေးပေမယ့် အသင်းရဲ့ကြံ့ခိုင်ရေးဝန်ထမ်းတွေနဲ့ သီးခြားလုပ်ဆောင်နေပြီး ပြန်လည်ကောင်းမွန်လာဖို့ တိုးတက်မှုတွေရှိလာပြီလို့ သိရပါတယ်။

သတင်းတွေအရတော့ ကစားသမားဟာ စနေနေ့ အတ္တလန္တာနဲ့ကစားမယ့် စီးရီးအေပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့သိရပါတယ်။ အိုဆီမင်ဟာ ဒီရာသီမှာ နာပိုလီအတွက် စီးရီးအေ၊ ချန်ပီယံလိဂ်နဲ့ ကိုပါအီတလီယာပြိုင်ပွဲတွေမှာ စုစုပေါင်းပွဲစဉ် ၂၄ ပွဲ ကစားထားပြီး ၁၃ ဂိုး သွင်းယူထားနိုင်ပါတယ်။

သို့သော်လည်း အိုဆီမင်ဟာ ယခုရာသီ စီးရီးအေသွင်းဂိုး ၁၁ ဂိုးထဲမှာ ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ တွေ့ဆုံရာမှ ၁ ဂိုးသာသွင်းယူထားနိုင်ပြီး ဖီအိုရင်တီးနားနဲ့ပွဲစဉ်ဖြစ်ကာ ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

#စီးရီးအေ #နာပိုလီ #အိုဆီမင်