ရှေ့သို့
Image

လက်ရွေးစင်အသင်းမှ မတည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ဆာလီဘာ နေရာရဖို့မလွယ်ကြောင်း ပြောလာတဲ့ ဒက်စ်ချမ့်

8:37 AM, 26 March

ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်က ဝီလျံဆာလီဘာဟာ လက်ရွေးစင်အသင်းနဲ့ဆိုရင် မတည်ငြိမ်တဲ့ခြေစွမ်းတွေသာ ပြသထားနိုင်တာကြောင့် အသင်းကြီးမှာ နေရာရဖို့မလွယ်ကြောင်း ပြောလာခဲ့ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အသင်းရဲ့ခံစစ်မှာ တောက်လျှောက်ခြေစွမ်းကောင်းတွေ ပြသနေပြီး ဆုဖလားပြိုင်ဆိုင်မှုမှာ အကောင်းဆုံး ကူညီပေးထားခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းမှာတော့ အူပါမီကာနို၊ ကိုနာတေး၊ ပါဗက်တို့လို ကစားသမားကောင်းတွေရှိနေတာကြောင့် ခံစစ်မှာ နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ဆာလီဘာဟာ ဂျာမနီကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အရန်ခုံထိုင်ခဲ့ရသလို လက်ရွေးစင်အသင်းနဲ့ နောက်ဆုံး၁၈ပွဲမှာလည်း ၂ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ပြင်သစ်သားဟာ ယနေ့ည ချီလီနဲ့ပွဲစဉ်မှာ ပါဝင်ခွင့်ရလာနိုင်ပေမယ့် ဒက်စ်ချမ့်ကတော့ လူငယ်ကြယ်ပွင့်လေးကို နေရာမပေးတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောကြားခဲ့ပါတယ်။

ဒက်စ်ချမ့်က "ဆာလီဘာက ကောင်းမွန်တဲ့ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။ ဒါပေမယ့် ကျွန်တော် သိပ်မကြိုက်တာတွေ သူလုပ်တတ်ပါတယ်။ ပြင်သစ်မှာဆိုရင် သူ ကစားတဲ့အခါ မလုပ်သင့်တာတွေလုပ်တဲ့အတွက် ပွဲထွက်ခွင့်အကန့်အသတ်ရှိနေတာပါ။ တာဝန်ရှိသူတွေကလည်း သူ့ကို သိပ်အရေးမပေးပေမယ့် အသင်းနဲ့အတူ ရှိနေပါတယ်။ အူပါမီကာနိုက ပွဲထွက်ခွင့်ပိုရနေပြီး ဆာလီဘာကတော့ ပွဲထွက်ခွင့်ပိုနည်းမှာပါ။ ကစားသမားတွေနဲ့ ပတ်သက်ပြီးပြောရရင် သူတို့လည်း ယုံကြည်မှုပျောက်ဆုံးနိုင်တာကြောင့် ကျွန်တော်က သေချာတဲ့လမ်းပဲ ရွေးရပါတယ်။ အချို့က ဘာပြဿနာမှ မရှိသလို အချို့က ပွဲထွက်ခွင့်လိုပါတယ်။ ဆာလီဘာက ပွဲထွက်ခွင့်နည်းနေတာဖြစ်လို့ သူက အရမ်းကြီးတည်ငြိမ်နေမှာမဟုတ်ပါဘူး"လို့ ပြောခဲ့ပါတယ်။

ဆာလီဘာဟာ ဒီနှစ်ရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၃၈ပွဲအထိ ပါဝင်ကစားပေမယ့် ပြင်သစ်အတွက်တော့ ၂၀၂၂ခုနှစ်မှာ စတင်ပွဲထွက်ပြီးနောက်ပိုင်း ၁၂ပွဲသာ ပါဝင်ခွင့်ရထားပါတယ်။

#ဆာလီဘာ #ပြင်သစ် #ဒက်စ်ချမ့်