ရှေ့သို့
Image

ပြင်သစ်ကို အနိုင်ရရှိခဲ့ပြီးနောက် တိုနီခရူးစ်ကို ချီးကျူးလိုက်တဲ့ ဂျာမနီနည်းပြ နာဂယ်စ်မန်း

9:11 AM, 25 March

ဂျာမနီလက်ရွေးစင် အသင်းကို ကိုင်တွယ်ချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းမှာ အဓိက ရည်မှန်းချက်တစ်ခုရှိခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်စတား တိုနီခရူးစ်ကို အသင်းထံ ပြန်လည်ခေါ်ယူလိုက်တာဖြစ်ပါတယ်။

အဲ့ဒီမစ်ရှင်က အောင်မြင်ခဲ့တာ ဖြစ်ပြီး စနေနေ့က ပြင်သစ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခရူးစ်ဟာ အဆိုပါပွဲရဲ့ အဓိကစတားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ပွဲအစ ၇ စက္ကန့်အတွင်း သူ့ရဲ့ ဖလော်ရီယန်ဝစ်ဇ်အား ဖန်တီးပေးခဲ့ကို အားလုံး မြင်တွေ့ခဲ့ရတာဖြစ်ပြီး အကောင်းဆုံးလက်စာချေမှုနဲ့အတူ ခရုစ် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

"အရိုးသားဆုံးဝန်ခံရရင် လုံးဝကို မယုံကြည်နိုင်စရာပါပဲ။ ဘောလုံးရှိနေတဲ့အချိန်မှာ သူက အရမ်းကိုထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်နဲ့ထိပ်တိုက်တွေ့နဲ့အချိန်မှာ အရမ်းကိုကောင်းခဲ့ပါသေးတယ်" "အရင်က ဝေဖန်ခြင်းခံခဲ့ရတဲ့နေရာတွေလည်း ရှိခဲ့ပါတယ်။ သူက တကယ်ကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး ခံစစ်ကစားပုံက တည်ငြိမ်မှုရှိပါတယ်။ ကျွန်တော် ကြိုက်တဲ့အချက်က သူက အရမ်းအောင်မြင်တဲ့ ကစားသမားတစ်ဦးလို့ မပြောနိုင်ပါဘူး၊ သူက ပုံမှန်တည်ငြိမ်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အဖွဲ့အတွင်းသို့ ပေါင်းစည်းလာတာပါ။ ဒါက အရမ်းကိုကောင်းပါတယ်" လို့ နာဂယ်စ်မန်းက ပြောပါတယ်။

ခရူးစ်ဟာ ပေးပို့မှု ၁၂၈ ကြိမ်တွင် ၁၂၁ကြိမ် (၉၅ %)အထိ အောင်မြင်အောင် ပေးပို့နိုင်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်တွင် ၆ ကြိမ် ကျော်ဖြတ်ထားနိုင်ကာ အဖွင့်ဂိုးအတွက် ဖန်တီးမှုပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ကြီးမားတဲ့ လုပ်ဆောင်မှုနဲ့အတူ ခရုစ် ပြန်လာမယ်ဆိုတာ သေချာပါတယ်။

#ဂျာမနီ #ပြင်သစ် #နာဂယ်စ်မန်း #ခရူးစ်