ရှေ့သို့
Image

ဘယ်လ်ဂျီယံနဲ့ခြေစမ်းပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ရမယ့် မက်ဂွါရီနဲ့ ကိုင်လီဝေါ်လ်ကာ

8:20 AM, 25 March

အင်္ဂလန် နောက်ခံလူတွေဖြစ်တဲ့ မက်ဂွါရီနဲ့ ကိုင်လီဝေါ်လ်ကာတို့ဟာ ဘရာဇီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မနက်ဖြန်(မတ် ၂၆ ရက်)၊ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်ကို လွဲချော်ကြလိမ့်မယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က တရားဝင်ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရန်ဂိုးသမား ဆမ်ဂျွန်စတုန်းလည်း ဝင်ဘာလေကွင်းမှာ ရင်ဆိုင်ရမယ့် ပွဲစဉ်ကို လွဲချော်ရဖို့ရှိနေလို့ နည်းပြ ဆောက်ဂိတ်က အင်္ဂလန်ယူ-၂၁ ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ နောက်ခံလူ ရီကိုလီဝစ်တို့ကို အစားထိုး ကစားသမားတွေအဖြစ် လက်ရွေးစင်အသင်းဆီ ခေါ်ယူခဲ့ပါတယ်။ ဒါက ဘန်လေဂိုးသမား ထရက်ဖို့ဒ်အတွက် စီနီယာလက်ရွေးစင်အဆင့် ပထမဆုံးအကြိမ် ရွေးချယ်ခံရမှုဖြစ်ပြီး မန်စီးတီးနောက်ခံလူ လီဝစ်ကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း သူ့ရဲ့စီနီယာအဆင့်ပွဲဦးထွက်ကို ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။

မန်စီးတီးရဲ့ဝေါ်လ်ကာနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့မက်ဂွါရီတို့က အသင်းခေါင်းဆောင်ဟယ်ရီကိန်း၊ အာဆင်နယ်တိုက်စစ်မှူး ဆာကာတို့နဲ့အတူ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ဒဏ်ရာရ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ဒီဒဏ်ရာရ ကစားသမားတွေဟာ ဒဏ်ရာအခြေအနေအသေးစိတ်ကို စစ်ဆေးမှုခံယူဖို့ သူတို့ရဲ့သက်ဆိုင်ရာကလပ်အသင်းတွေဆီ ပြန်သွားကြပြီလို့ အက်ဖ်အေက အတည်ပြုပေးခဲ့ပါတယ်။

#မက်ဂွါရီ #ဘယ်လ်ဂျီယံ #ဝေါ်လ်ကာ #ခြေစမ်းပွဲ