ရှေ့သို့
Image

ဂျာမနီအသင်းအတွက် ပြန်လည်ကစားပေးနေတဲ့ တိုနီခရူးစ်ကို ချီးကျူးပြောဆိုလိုက်တဲ့ ဂန်ဒိုဂန်

5:58 PM, 24 March

ဘာစီလိုနာကြယ်ပွင့်ကစားသမား ဂန်ဒိုဂန်က ၂၀၂၄ ဂျာမနီယူရိုပြိုင်ပွဲမတိုင်မီ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တဲ့ ကွင်းလယ်လူ တိုနီခရူးစ်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပြီး ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ခရူးစ်ဟာ နိုင်ငံ့လက်ရွေးစင်ကစားသမားဘဝမှ အနားယူထားခဲ့ပြီဖြစ်သော်လည်း ဂျာမနီနည်းပြ ဂျူလီယန်နာဂယ်စ်မန်းရဲ့တိုက်တွန်းချက်ကြောင့် အသင်းသို့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟာ ကလပ်အသင်းမှာ ဒဏ်ရာပြဿနာကင်းရှင်းနေတာကြောင့် ဂျာမနီရဲ့ခြေစမ်းပွဲစဉ် ၂ ပွဲစလုံးပွဲထွက်ပါဝင်သွားမှာဖြစ်ပါတယ်။ 


ယခုအခါမှာတော့ ဂန်ဒိုဂန်က သူတို့နှစ်ယောက်ကြားက အကွဲအပြဲဇာတ်လမ်းတွေကို ငြင်းဆိုထားပြီး ဂျာမနီကွင်းလယ်ကို အတူတူဦးဆောင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ မကြာသေးမီကာလတွေမှာ နိုင်ငံအသင်းအတွက် စွမ်းဆောင်ရည်ကျဆင်းမှုတွေကြောင့် ဝေဖန်ခံထားရပြီး ယူရို ၂၀၂၄ မှာတော့ ခရူးစ်နဲ့ပေါင်းဖက်ပြီး ခြေစွမ်းပြသွားနိုင်ဖို့ရှိနေပါတယ်။ 


ဂန်ဒိုဂန်က ဝါရင့်ကွင်းလယ်လူ ခရူးစ်ဟာ အတွေ့အကြုံများတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းနဲ့ ဂျာမနီကို အမြင့်ဆုံးအဆင့်ထိရောက်အောင်တွန်းပို့ပေးနိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာကွင်းလယ်လူက “အသင်းမှာ တိုနီရှိနေတာအရမ်းကောင်းပါတယ်။ ဥရောပဘောလုံးလောကမှာ သူ့လောက်အရည်အချင်းရှိပြီး ဖန်တီးနိုင်စွမ်းမြင့်တဲ့ကစားသမား သိပ်မရှိပါဘူး။ ကျွန်တော်တို့ သူ့ဆီကအများကြီးမျှော်လင့်ထားပြီး သူပြန်လာတာကိုလည်း ကြိုဆိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။


ယမန်နေ့ညက ပြင်သစ်ကို ၀-၂ နဲ့အနိုင်ရခဲ့ပြီးနောက် ဂျာမနီအသင်းဟာ ယူရို ၂၀၂၄ အတွက် နောက်ထပ်ခြေလှမ်းတစ်လှမ်းပြင်ဆင်ဖို့ နယ်သာလန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ 

#ဂျာမနီ #ဂမ်ဒိုဂန်