ရှေ့သို့
Image

ပေါင်သန်း ၁၀၀ တန် ရီးရဲလ်မက်ဒရစ်စတားကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်၊ အာဆင်နယ်နှင့် လီဗာပူး

12:43 PM, 24 March

ပီအက်စ်ဂျီစတား အမ်ဘာပေရဲ့ ရောက်ရှိလာချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ နွေရာသီမှာ အကြီးအကျယ် ပြောင်းလဲမှာဖြစ်ပါတယ်။


လီဂူးဝမ်းကလပ်ကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ပြောကြားပြီးနောက်မှာတော့ ပြင်သစ်တောင်ပံကစားသမားဟာ ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိဖို့ သဘောတူထားတာဖြစ်ပါတယ်။


အမ်ဘာပေရောက်လာတာကြောင့် နည်းပြအန်ဆယ်လော့တီအတွက် ပွဲထွက်လူစာရင်းကို ပြင်ဆင်မှုလုပ်ဖို့ ရှိလာတာဖြစ်ပါတယ်။


အလားအလာရှိတဲ့ တိုက်စစ်ကစားမသား ၃ဦးကတော့ ဗီနီဆီးယက်စ်ဂျူနီယာ၊ အမ်ဘာပေနှင့် ရိုဒရီဂိုတို့ဖြစ်ပြီး အန်းဒရစ်၊ ဂျိုဆေးလူနှင့် ဂူလာတို့ကလည်း အဲ့ဒီနေရာမှာရှိနေကာ သူတို့အားလုံးဟာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။


အမ်ဘာပေဟာ ဘရာဇီးလူငယ်ကစားသမားလေး အန်းဒရစ်နှင့်အတူ ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိလာမှာဖြစ်ပါတယ်။


အမ်ဘာပေရောက်လာတာကြောင့် ပေါင်သန်း ၁၀၀ တန်ကြေးရှိကစားသမားက အသင်းကနေထွက်ခွာရဖို့ အကြောင်းဖန်လာပြီး ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးနှင့် အာဆင်နယ်တို့အားလုံးဟာ အဆိုပါ တောင်ပံကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။


နွေရာသီမှာ အမ်ဘာပေရောက်လာချိန်မှာတော့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်ရှိ အန်ဆယ်လော့တီရဲ့လက်အောက်မှာ အနာဂတ်မသေချာနေတာဖြစ်ပါတယ်။


ကစားသမားရဲ့ ဘာနေဗျူးရှိအနာဂတ်နှင့်ပတ်သက်ပြီး ကောလာဟလထွက်နေသလို အမ်ဘာပေနဲ့ ဘရာဇီးလူငယ်ကစားသမား အန်ဒရစ်တို့ ရောက်လာတာကြောင့် သူ့ရဲ့ပွဲထွက်ခွင့်အတွက်လည်း ခြိမ်းခြောက်မှုရှိလာမှာဖြစ်ပါတယ်။


Sport ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်က ကလပ်တွေဟာ ပေါင်သန်း ၁၀၀ တန်ကြေးရှိကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။


ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိရာသီရဲ့ အလိုအခြေအနေမှာ ရိုဒရီဂိုအတွက် မည်သည့်ကမ်းလှမ်းမှုကိုမဆို စိတ်ဝင်စားမှာ မဟုတ်ပါဘူးလို့ အတိအလင်း ပြောကြားထားပါတယ်။


အနာဂတ်မသေချာနေသော်လည်း ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ပေးဆပ်ကစားထားပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင် ယှဉ်ပြိုင်နေမှာဖြစ်ပါတယ်။


လက်ရှိကလပ်ကိုပဲ အောင်မြင်မှုတွေရယူပေးဖို့ ဘရာဇီးသားက အာရုံစိုက်ထားပြီး ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိအနေအထားတွင် ပြည်တွင်းဆုဖလားနှင့် ဥရောပ ဆုဖလား ၂ ခုစလုံးရရှိနိုင်မယ့် လမ်းကြောင်းပေါ်တွင် ရှိနေပါတယ်။


အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ အသင်းမှာရှိနေဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်လို့ စပိန်ရှိသတင်တွေအရ သိရှိရပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #လီဂူးဝမ်း