ရှေ့သို့
Image

မိုင်နူးအား ကမ္ဘာ့ဖလားရထားတဲ့ ဂျာမနီဂန္တဝင်ကစားသမားနဲ့နှိုင်းယှဉ်လိုက်တဲ့ ရွန်းနီ

10:38 AM, 24 March

ယူနိုက်တက်ကစားသမားဟောင်း ရွန်းနီဟာ လူငယ်ကစားသမားလေး မိုင်နူးကို ဂျာမနီက ကမ္ဘာ့ဖလားရရှိထားတဲ့သူနဲ့ နှိုင်းယှဉ်လိုက်ပါတယ်။

မိုင်နူးဟာ ဘိုင်ယန်မြူးနစ်နှင့် ယူနိုက်တက်စတားဟောင်း ရှဝိန်စတိုင်ဂါနှင့် ကစားပုံဆင်တူကြောင်း အသက် ၃၈ နှစ်အရွယ် ရွန်းနီက ပြောကြားလိုက်ပါတယ်။


အသက် ၁၈ နှစ်အရွယ် ကစားသမားရဲ့ ဆုံးဖြတ်ချက်များနှင့် ရင့်ကျက်မှုတွေကြောင့် အိုးထရက်ဖို့ဒ်မှာ ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်ကြား ကစားခဲ့သူနှင့် နှိုင်းယှဉ်လိုက်ရတာဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။

"ဒီလိုအသက်ငယ်ရွယ်တဲ့အချိန်မှာ သူ့ရဲ့ ရင့်ကျင်တည်ငြိမ်မှုကိုပြသထားနိုင်တာပါ။ ပထမအသင်းသို့ လူငယ်ကစားသမားတွေရောက်လာတာကို မြင်တွေ့ရတဲ့အခါ သူတို့တွေက အနည်းငယ်ကြမ်းကြတာ ပုံမှန်ပါပဲ"

"သူ့ရဲ့ကစားပုံတွေက ကျွန်တော့်အတွက် ရှဝိန်စတိုင်ဂါ ငယ်ငယ်ကပုံကို သတိရစေခဲ့တာဖြစ်ပြီး အမြဲတမ်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချပုံရပါတယ်။ သူ့မှာ တောက်ပတဲ့အနာဂတ်က ရှိနေပါတယ်" လို့ TNT Sports သို့ ရွန်းနီက ပြောပါတယ်။


မိုင်နူးဟာ ယူနိုက်တက်မှာ ကောင်းမွန်တဲ့ရာသီတစ်ခုရှိနေတာဖြစ်ပြီး ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် ၁၄ ပွဲအထိ ပွဲထွက်ကစားထားရတာဖြစ်ပါတယ်။

အသက်ရွယ်နှင့်မလိုက်အောင် မိုင်နူးက ရင့်ကျက်မှုကို ပြသထားသလို သူ့ရဲ့ခြေစွမ်းကြောင့် ဆောက်ဂိတ်ရဲ့ အင်္ဂလန် စီနီယာအသင်းမှ ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။


မနေ့ညကလည်း မိုင်နူးတစ်ယောက် အင်္ဂလန်အသင်းအတွက် ဒုတိယပိုင်းမှာ လူစားဝင်ကစားပြီး စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။

#အင်္ဂလန် #ရွန်းနီ