ရှေ့သို့
Image

လမိုင်းယာမယ်လ်ကို ဘယ်ဈေးရရမရောင်းဘူးလို့ ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ လာပေါ်တာ

9:49 AM, 24 March

ဘာစီလိုနာဥက္ကဌ လာပေါ်တာက လူငယ်ကြယ်ပွင်လေး လမိုင်းယာမယ်လ်ကို ဘယ်ဈေးရရရောင်းမှာမဟုတ်ဘူးလို့ ပြိုင်ဘက်တွေကို သတိပေးသွားခဲ့ပါတယ်။

၁၆နှစ်သားလေးဟာ ဆယ်ကျော်သက်အရွယ်သာရှိသေးပေမယ့် ဘာစီလိုနာမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြလျက်ရှိနေပါတယ်။


ဘာစီလိုနာနဲ့လက်ရှိစာချုပ်ဟာ ၂၀၂၆ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ၁၈နှစ်ပြည့်ရင်တော့ ဘာစီလိုနာဘက်က ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်ထားခဲ့ပါတယ်။

ခြေစွမ်းပိုင်းတိုးတက်လာခြင်းနဲ့အတူ အပြောင်းအရွှေ့ကောလာဟလတွေလည်း ထွက်ပေါ်နေသလို ဘာစီလိုနာကလည်း ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံနေရပါတယ်။


သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ယခုနှစ်စမှာ ယာမယ်လ်အတွက် ယူရိုသန်း၂၀၀နဲ့ ကမ်းလှမ်းခဲ့တယ်ဆိုပေမယ့် လီဂူးဝမ်းချန်ပီယံဘက်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားခဲ့ပါတယ်။

ဥက္ကဌ လာပေါ်ကတော့ ယာမယ်လ်ကို ဈေးကြီးပေးပြီး ကမ်းလှမ်းလာရင်လည်း ဗရာင်းချမှာမဟုတ်ကြောင်း ပြောသွားခဲ့ပါတယ်။


လာပေါ်တာက "ယာမယ်လ်လို ကစားသမားအတွက် ယူရိုသန်း၂၀၀နဲ့ ကမ်းလှမ်းလာတာတောင် ကျွန်တော်တို့ ငြင်းဆိုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်လေးကို ကျွန်တော်တို့ ယုံကြည်ပြီး ကျွန်တော်တို့ ရောင်းစရာမလိုဘူးလို့ ယူဆလို့ပါ။

ကျွန်တော်တို့က အခု စီးပွားရေးအရ နာလန်ထူစဖြစ်နေပြီး နောက်ဆုံးအခြေအနေကို ရောက်နေပါပြီ။" လို့ ပြောခဲ့ပါတယ်။


လာပေါ်တာက အခုလို ပြောခဲ့ပေမယ့် ပရိသတ်တွေကတော့ ဘဏ္ဍာရေးအရ အခက်အခဲဖြစ်နေတဲ့ ဘာကာတို့ နွေရာသီမှာ ကစားသမားတွေကို ရောင်းချနိုင်သေးတယ်လို့ ယုံကြည်လျက်ရှိနေကြပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လာပေါ်တာ