ရှေ့သို့
Image

ပြင်သစ်ကို အနိုင်ရခြင်းအပေါ် ဝမ်းသာပျော်ရွှင်နေတဲ့ နည်းပြ နာဂယ်စ်မန်း

9:44 AM, 24 March

ဂျာမနီနည်းပြ နာဂယ်စ်မန်းဟာ မနေ့ညက ပြင်သစ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ခြင်းအပေါ် စိတ်လှုပ်ရှားပြီး ပျော်ရွှင်လျှက်ရှိနေပါတယ်။

ခြေစမ်းပွဲဆိုပေမယ့် ဂျာမနီအသင်းဟာ အသင်းကြီးတစ်သင်းနဲ့ပွဲစဉ်အတွင်း ခြေစွမ်းတိုးတက်လာကို သက်သေပြနိုင်ခဲ့ပါတယ်။


ပွဲအစ၇စက္ကန့်အတွင်းမှာပဲ တိုနီခရူးစ်ရဲ့အဝေးဘောပေးပို့မှုကနေ ဖလော်ရီယန်ဝက်ဇ်က ဂျာမနီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

နာဂယ်စ်မန်းကတော့ အခုလိုမျိုး စောစောစီးစီး ဂိုးသွင်းနိုင်အောင် ကြိုတင်စီစဉ်ထားခဲ့တာလို့ ဖွင့်ဟလာခဲ့ပါတယ်။

နာဂယ်စ်မန်းက "အသင်းရဲ့အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကိုတော့ ချီးကျူးရမှာပါ။ ပွဲအစ ၂၅မိနစ်အတွင်း အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ဂိုးလောက်တော့ ထပ်သွင်းနိုင်ခဲ့သင့်ပါတယ်။ ပွဲအစမှာတင် ဂိုးသွင်းနိုင်အောင် စီစဉ်ထားခဲ့တာပါ။


အဲ့ဒီဂိုးရအောင် ကျွန်တော်တို့ရဲ့ တည်ကန်ဘောနည်းပြ ဘက်ဂီရိတ်က ပြင်ဆင်ပေးထားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခြေစွမ်းတိုးတက်ပြန်တက်လာခဲ့ပြီး အခွင့်အရေ ၃၊ ၄ကြိမ်လောက်ရခဲ့ပါတယ်။ ကျွန်တော်တို့ လူစားလဲမှုတွေလုပ်ပြီးတာတောင် အွန်ဒက်ဖ်နဲ့ မစ်တယ်စတက်ဒ်တို့က အခွင့်အရေးကောင်း၂ကြိမ်ရခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ကျွန်တော် အလွန်ကျေနပ်ရပါတယ်။"လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းဟာ အင်္ဂါနေ့ညမှာ နယ်သာလန်အသင်းနဲ့ ခြေစမ်းပွဲ ဆက်ကစားသွားဦးမှာ ဖြစ်ပါတယ်။


#ဂျာမနီ #ပြင်သစ် #နာဂယ်စ်မန်း