ရှေ့သို့
Image

ဗန်ဒီဘိခ်ရဲ့ နိမ့်ကျတဲ့စွမ်းဆောင်ရည်ကြောင့် နွေရာသီမှာ အပြီးသတ်ခေါ်ယူမှာမဟုတ်တဲ့ ဖရန့်ဖတ်

2:24 PM, 23 March

ဖရန့်ဖတ်ဟာ ယူနိုက်တက်ထံမှ အငှားနဲ့ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူဒွန်နီဗန်ဒီဘိခ်ရဲ့ နိမ့်ကျတဲ့စွမ်းဆောင်ရည်တွေကြောင့် နွေရာသီမှာ ပေါင် ၈.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူမှာမဟုတ်ဘူးလို့သိရပါတယ်။

ဗန်ဒီဘိခ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်သို့ပြောင်းရွှေ့လာပြီးနောက် ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖရန့်ဖတ်သို့ အငှားစာချုပ်နဲ့ ထွက်ခွာခဲ့ပါတယ်။ နယ်သာလန်လက်ရွေးစင်ကစားသမား အနေနဲ့ ဖရန့်ဖတ်မှာ ခြေစွမ်းပြဖို့ အခွင့်အရေးရပြီလို့ ယူဆခဲ့ကြပေမယ့် စွမ်းဆောင်ရည် တိုးတက်မလာတာကြောင့် ဖရန့်ဖတ်က အပြီးသတ်ခေါ်ယူဖို့ တွန့်ဆုတ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားမှာမဟုတ်တော့ဘဲ နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်စေလွတ်ဖို့ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။

ဖရန့်ဖတ်အနေနဲ့ ဗန်ဒီဘိခ်ဟာ အသင်းမှာ အထွတ်အထိပ်အခြေအနေထိ တက်လှမ်းလာနိုင်တယ်လို့ ရှုမြင်ထားခြင်းမရှိဘူးလို့သိရပါတယ်။ ကစားသမားကလည်း ဂျာမနီဘွန်ဒက်စ်လီဂါသို့စတင်ရောက်ရှိလာကတည်းက ခြေစွမ်းပြသထားနိုင်ခြင်းမရှိဘဲ ပုံစံကောင်းရဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။

ဖရန့်ဖတ်မန်နေဂျာ ဒီနိုထံမှ အခွင့်အရေးပေးမှုတွေ ရရှိထားပေမယ့် ကစားသမားဟာ ခြေစွမ်းတိုးတက်လာခြင်းမရှိပါဘူး။ ဗန်ဒီဘိခ်ဟာ အရန်ကစားသမားအဖြစ်တောင်ရွေးချယ်ခြင်းမခံရဘဲ ၄ ပွဲအထိ လွဲချော်ထားတာပါတယ်။

ဗန်ဒီဘိခ်ဟာ ဂျာမနီသို့စတင်ရောက်ရှိလာကတည်းက ၄ ပွဲသာ ပွဲထွက်လူစာရင်းမှာပါဝင်ထားပြီး ဖရန့်ဖတ်ရဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကစားသမားစာရင်းမှာ ထည့်သွင်းခံထားရခြင်းမရှိပါဘူး။ ကစားသမားရဲ့မရေရာတဲ့အနာဂတ်ကြောင့် ရာသီသစ်မတိုင်ခင် ယူနိုက်တက်ရဲ့အပြောင်းအလဲသစ်တွေကြားမှာ နောက်ထပ်အသင်း တစ်သင်းကို ထပ်မံပြောင်းရွှေ့ရဖို့အလားအလာရှိနေပါတယ်။
#မန်ချက်စတာယူနိုက်တက် #ဖရန့်ဖတ် #ဗန်ဒီဘိခ် #ပရီးမီးယားလိဂ်