ရှေ့သို့
Image

အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ သိရမလဲဆိုတာ ပြောပြလိုက်တဲ့ အမ်ဘာပေ

9:27 AM, 23 March

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ သိရမလဲဆိုတာ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

သတင်းတွေအရ ၂၅နှစ်သားဟာ ရာသီကုန်မှာ ပီအက်စ်ဂျီက ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဒါပေမယ် ပြင်သစ်သားဟာ သူ့ရဲ့အနာဂတ်အကြောင်း ရေရေရာရာ ဖွင့်ဟခြင်းမရှိသေးသလို ယခုအချိန်မှာလည်း အရိပ်အမြွက်လောက်သာ ပြောခဲ့ပါတယ်။

ဘာပေက “ကျွန်တော်မှာ ဘာမှပြောစရာမရှိတာကြောင့် ဘာကြေညာစရာမှမရှိပါဘူး။ ကျွန်တော်အမြဲပြောခဲ့သလို ပြောစရာတစ်ခုခုရှိတယ်ဆိုရင် ယောကျာ်းလိုပဲ ထွက်လာပြီး ပြောပြမှာပါ။ ကျွန်တော် အဲ့ဒီလိုမလုပ်ရင်တော့ ဘာမှကြေညာစရာမရှိသေးပါဘူး။ ပီအက်စ်ဂျီက ကျွန်တော် ထွက်မယ်ဆိုပြီးပြောတဲ့လူကိုပဲ ခင်ဗျားတို့ ပြန်မေးလိုက်ပါ။ ကျွန်တော်ပြောစရာရှိတယ်ဆိုရင် ဘာကိုမှမကြောက်ဘဲ ယုံကြည်မှုရှိရှိ ပြောမှာပါ။ ယူရိုမှာလည်း ကျွန်တော် ပြင်သစ်အတွက် အာရုံစိုက်သွားမှာပါ။ အဲ့ဒီအချိန်ကျရင်တော့ ကျွန်တော်အနာဂတ်ကို ဖြေရှင်းပြီးသာဖြစ်လိမ့်မယ် ထင်ပါတယ်။ အခုတော့ ကျွန်တော် ပြင်သစ်ပွဲစဉ်တွေကိုသာ အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့ပါတယ်။

#ပီအက်စ်ဂျီ #အမ်ဘာပေ