ရှေ့သို့
Image

ပြင်သစ်နဲ့ပွဲစဉ်မှာ ကိုင်ဟားဗက်ဇ် တိုက်စစ်မှူးအဖြစ် ပွဲထွက်မယ်လို့ နာဂယ်စ်မန်းအတည်ပြု

8:47 AM, 23 March

ဂျာမနီနည်းပြ နာဂယ်စ်မန်းက အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟားဗက်ဇ်ဟာ ယနေ့ည ပြင်သစ်နဲ့ ခြေစမ်းပွဲစဉ်မှာ တိုက်စစ်မှူးအဖြစ် ပွဲထွက်လာမယ်လို့ တတည်ပြုသွားခဲ့ပါတယ်။ ယူရို၂၀၂၄ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဂျာမနီအသင်းဟာ ယနေ့ညမှာ ပြင်သစ်နဲ့ ခြေစမ်းပွဲကစားသွားမှာပဲ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာလည်း ယခုနှစ်နွေရာသီမှာ ကျင်းပမယ့်ပြိုင်ပွဲအတွင်း တတိယမြောက် ဥရောပဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါကြောင့် ရည်မှန်းချက်ကြီးမားတဲ့ နှစ်သင်းရဲ့ ယနေ့ည ခြေစမ်းပွဲက ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပွဲစဉ် ဖြစ်နေပါတယ်။

နာဂယ်စ်မန်းကတော့ ယနေ့ညပွဲစဉ်မှာ ကိုင်ဟားဗက်ဇ်ကို အထောင်တိုက်စစ်မှူးအဖြစ် ထားကစားမယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့ပါတယ်။

နာဂယ်စ်မန်းက"ဟားဗက်ဇ် ရဲ့ ‌စွမ်းဆောင်ရည်က အတော်လေးကို သိသိသာသာ တိုးတက် ကောင်းမွန်လာတာပါ။ နည်းပြ အာတီတာ နှင့် အာဆင်နယ် အသင်းဆီကနေ လည်း ချီးကျူးအသိအမှတ်ပြုမှုတွေ အများအပြား ရရှိထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ကစားသမား တစ်ဦးအနေနဲ့ရော လူတစ်ဦးအနေနဲ့ပါ အရမ်း အထင်ကြီးပါတယ်။ ပြင်သစ်နဲ့ ပွဲကျရင် သူ့ကို အထောင် တိုက်စစ် နေရာမှာ ပွဲထွက် ကစားခိုင်း သွားမှာပါ။ အာဆင်နယ် အသင်းရဲ့ အထောင် တိုက်စစ် နေရာမှာ သူ ခြောက်ကြိမ် အထိ ကစားဖူးပါတယ်"လို့ ပြောခဲ့ပါတယ်။

#ပြင်သစ် #ဟားဗက်ဇ် #နာဂယ်စ်မန်း #ခြေစမ်းပွဲ