ရှေ့သို့
Image

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ရဲ့စွဲချက်တင်ခြင်းကို ခံလိုက်ရတဲ့ လက်စတာစီးတီး

10:12 AM, 22 March

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က လက်စတာစီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုဖြင့် စွဲချက်တင်လိုက်ပါတယ်။

လက်ရှိမှာ မာရက်စကာရဲ့အသင်းက ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်ဆီ တိုက်ရိုက်တန်းတက်ခွင့် ရရှိဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် လက်စတာက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ တန်းဆင်းသွားချိန်မှာ ပရီးမီးယားလိဂ်ဆီ စာရင်းစစ်စာရင်းတင်သွင်းဖို့ ပျက်ကွက်ခဲ့မှုအတွက် လွတ်လပ်တဲ့ကြားနာမှုတစ်ခုကို ရင်ဆိုင်သွားရဖွယ် ရှိနေပါတယ်။

“ပရီးမီးယားလိဂ်ရဲ့ ဒီနေ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အံ့အားသင့်မိခဲ့ပါတယ်။ လက်ရှိမှာ လက်စတာက ပရီးမီးယားလိဂ်ကလပ်အသင်း မဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုစွဲချက်တင်စစ်ဆေးဖို့ လုပ်ဆောင်လာမှုတွေနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ဖို့ ကြိုးစားနေတဲ့ လက်စတာအသင်းအနေဖြင့် အလွန်စိတ်ပျက်မိပါတယ်”လို့ အင်္ဂလန်ထိပ်တန်းလိဂ်ချန်ပီယံဟောင်းတွေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ လက်စတာက အဲဗာတန်၊ နော်တင်ဟမ်ဖောရက်စ်တို့အပြီး ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုဖြင့် စွပ်စွဲခံရတဲ့ တတိယမြောက်ကလပ်အသင်း ဖြစ်လာပါတယ်။ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကတော့ ကြားနာစစ်ဆေးမှုတွေ အပြီးမှာ ခြောက်မှတ်လျှော့ပြစ်ဒဏ်၊ လေးမှတ်လျှော့ပြစ်ဒဏ်အသီးသီးကို ကျခံခဲ့ရပါတယ်။

#လက်စတာ #ပရီးမီးယားလိဂ်