ရှေ့သို့
Image

စပို့တင်းစတား ဂိုကီရက်စ်အား ခေါ်ယူရေးယှဉ်ပြိုင်မှုမှာ ဦးဆောင်နေတဲ့ အာဆင်နယ်

1:35 PM, 20 March

ပြီးခဲ့တဲ့နွေရာသီတုန်းက စပို့တင်းဟာ ကိုဗင်ထရီစီးတီးကနေ ဂိုကီရက်စ် ယူရို သန်း ၂၀ (ပေါင် ၁၇ သန်း) ဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ပေါ်တူဂီတွင် ခြေစွမ်းပြသနေပြီး လိဂ်ပွဲ ၂၄ ပွဲမှာ ၂၂ ဂိုး သွင်းယူထားပါတယ်။

သူဟာ ပရီမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှုစာရင်းတွင် ဒုတိယနေရာမှာ ရပ်တည်နေပြီး ဘင်ဖီကာက ရာဖေးလ်ဆေးလ်ဗားက ၁၁ ကြိမ်ဖြင့် ဆွီဒင်နိုင်ငံသားရဲ့ အထက်မှာ ရပ်တည်နေပါတယ်။ ပေါ်တူဂီထုတ် A Bola ရဲ့ဖော်ပြချက်အရ ဂိုကီရက်စ်ရဲ့ စွမ်းဆောင်ရည်များကို ဥရောပ အသင်းကြီးများကစောင့်ကြည့်နေပြီး အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ရှေ့ဆုံးမှာရှိနေတာ ဖြစ်ပါတယ်။

ဂန်းနားဟာ ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီအပြင် စပိန်နဲ့ အီတလီရှိ ထိပ်သီးအသင်းများနှင့်အပြိုင် ဘရိုက်တန်နဲ့ ဆွမ်ဆီးကစားသမားဟောင်းကို ခေါ်ယူမှာဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း စပို့တင်းဟာ ဂိုကီရက်စ်ကို ဆက်လက်ထိန်းထားဖို့ စိတ်ပိုင်းဖြတ်ထားပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ (ပေါင် ၈၆ သန်း) အပြည့်ပေးချေမှသာလျှင် ရောင်းချသွားမှာဖြစ်ပါတယ်။

စပို့တင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အလားအာလာရှိတဲ့ အပြောင်းအရွှေ့မတိုင်မီ အသင်းရဲ့ ကစားသမားကို ကာကွယ်နိုင်ရန် ဂိုကီရက်စ်ရဲ့လစာကို တိုးမြှင့်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ဧပြီလမှာ ဂိုကီရက်စ်ရဲ့အေးဂျင့်တွေဟာ ကစားသမားရဲ့အခြေအနေကို စပို့တင်းနှင့် ဆွေးနွေးဖို့အတွက် ပေါ်တူဂီသို့သွားမှာ ဖြစ်ပါတယ်။ စပို့တင်းကတော့ ယူရိုသန်း ၁၂၀ (ပေါင် ၁၀၃ သန်း) ရရှိမှာသာ သူ့ရဲ့ကစားသမားကို ထွက်ခွာခွင့်ပေးနိုင်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်က ကစားသမားကို ထိန်းသိမ်းထားရာမှာ စပို့တင်းအတွက် အဓိကအချက်ဖြစ်ပြီး ပေါ်တူဂီချန်ပီယံတွေကသာ ဒီရာသီ ဥရောပပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရဖို့ အာမခံချက်ရှိနေပါတယ်။ လက်ရှိတွင် စပို့တင်းဟာ ပေါ်တူဂီလိဂ်ရဲ့ ထိပ်ဆုံးတွင် ရပ်တည်နေပြီး ဒုတိယနေရာမှ လက်ရှိချန်ပီယံဘင်ဖီကာထက် ၁ မှတ်သာလွန်ကာ တစ်ပွဲလျော့ ကစားထားတာဖြစ်ပါတယ်။

ဇန်န၀ါရီလက ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ ချဲလ်ဆီးရဲ့ ဂိုကီရက်စ်အတွက် ပေါင် ၇၃ သန်းဖြင့် ကမ်းလှမ်းမှုကို စပို့တင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်က ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဂိုကီရက်စ်က Sport TV သို့ "ကျွန်တော် ဘာမှ မစဉ်းစားထားပါဘူး" "ကျွန်တော်ဒီမှာကစားဖို့ အရေးကြီးတဲ့ပွဲတွေရှိပါတယ်။ အဲဒါကိုပဲ အာရုံစိုက်ထားပါတယ်" "ဆိုရှယ်မီဒီယာနဲ့ တခြားနေရာတွေမှာ ပြောစကားတွေ အများကြီးရှိပေမယ့် တခြားဘာကိုမှ မစဉ်းစားထားတာကြောင့် အာရုံမစိုက်ပါဘူး။ အခု ဒီအသင်းမှာ ရှိနေပါတယ်။ အဲ့ဒီအတွက် ကျွန်တော် ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ်" လို့ ဖြေပါတယ်။

စပို့တင်းနည်းပြ ရူဘင်အာမိုရီက ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုဟာ လစ္စဘွန်းက ဂိုကီရက်စ်အတွက် လုံလောက်မှုမရှိကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ "ကျွန်တော် သေချာတော့ မသိပါဘူး။ အားကစားဒါရိုက်တာကိုတောင် မမေးခဲ့ပါဘူး" "ဒီသတင်းကို သိခဲ့ရတာကတော့ ဟုတ်ပါတယ်။ သူတို့က ယူရို ၈၅ သန်းလို့ ပြောတာဖြစ်ပြီး ဒါက လုံလောက်မှုမရှိပါဘူးလို့ တွေးမိလိုက်ပါတယ်။ ယူရိုသန်း ၁၀၀ (ပေါင် ၈၆ သန်း) လောက်တော့ရှိသင့်ပါတယ်" လို့ နည်းပြက ပြောပါတယ်။
#အာဆင်နယ် #စပို့တင်း #ပရီးမီးယားလိဂ် #ဂိုကီရက်စ်