ရှေ့သို့
Image

ကလော့ပ်ရဲ့ဖြစ်ရပ်ကို သဘောကျခဲ့တဲ့ ယူနိုက်တက်စတား အဲရစ်ဆင်

1:00 PM, 20 March

ယူနိုက်တက်စတား အဲရစ်ဆင်တစ်ယောက် အိုးထရက်ဖို့ဒ်မှာ ၄-၃ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဒိန်းမတ်သတင်းထောက် ဖရက်ဒရီဆင်ရဲ့မေးခွန်းမေးမြန်းမှုကို ကလော့ပ်ပြန်ပြောခဲ့တာနဲ့ ပတ်သက်ပြီး သဘောကျမိတယ်လို့ ဆိုပါတယ်။ ဒိန်းမတ်အသင်းအတွက် နိုင်ငံတကာပွဲကန်ဖို့ ပြန်လာချိန်မှာ ယူနိုက်တက်အသင်းဖော် ဟွိုက်လန်းက သတင်းထောက် ဖရက်ဒရီဆင်နဲ့အတူ ထိုင်ခဲ့ရတာဖြစ်ပါတယ်။

အဲ့နောက် အဲရစ်ဆင်က “ကျွန်တော် အဲ့အနေအထားနဲ့ပတ်သက်ပြီး အနည်းငယ်ရယ်မိပါတယ်။ အဲ့တာက ဖရီမန်း (ဖရက်ဒရီဆင်)ရဲ့သူငယ်ချင်းဖြစ်သူနဲ့ တွေ့ဆုံချိန်မှာ ဖြစ်ခဲ့တာပါ။ ဟွိုက်လန်းနဲ့အတူတူ ထိုင်ခဲ့ရတာကြောင့် သူတို့စကားပြောဆိုမှုတွေရှိခဲ့မှာပါ။ အဲ့တာက ဂျာနယ်သမားတွေပါ။ ပြီးတော့ သူတို့ဘာမေးလဲဆိုတာ မေးမြန်းခွင့်မရှိပါဘူး။ ဒါပေမယ့် ရှုံးပွဲအပြီးမှာ ကလော့ပ်တစ်ယောက် ပေါက်ကွဲခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးကို ပွဲကစားချိန် ၁၂၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ဒီယာလိုရဲ့သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ “ခင်ဗျားဘာဖြစ်နေတာလဲ?”လို့ ကလော့ပ်က သတင်းထောက် ဖရက်ဒရီဆင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဒိန်းမတ်သတင်းထောက်က “တီဗွီမှာ မြင်ခဲ့ရတဲ့အတိုင်း ကလော့ပ်က ကျွန်တော့်ကို အော်ဟစ်ခဲ့ပါတယ်။ ကျွန်တော် သူ့နောက်လိုက်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခုခုထူးဆန်းနေတာကြောင့်ပါ။ ကျွန်တော်ထင်တာက ယူနိုက်တက်ကို အရေးနိမ့်ပြီးနောက် သူ့ရဲ့ဖလား ၃ လုံးအိပ်မက်ပျက်စီးသွားလို့ စိတ်ပျက်နေတာနေမှာပါ။ ၂ ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့ပြီးမှ အခုလိုမျိုး အရေးနိမ့်ခဲ့တာကြောင့်နေမှာပါ။ ကျွန်တော်မေးမြန်းခဲ့ပေမယ့် သူကလျစ်လျူရှုခဲ့ပါတယ်။ အဲ့တာက လုံလောက်ပါတယ်။ ကျွန်တော်အဲ့တာနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ အနာဂတ်မှာလည်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူး”လို့ ဖရက်ဒရီဆင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အတွက် တစ်လုံးတည်းသော ဆုဖလားအဖြစ် အက်ဖ်အေဖလားက မျှော်လင့်ချက်ရှိနေပြီး ဆီမီးဖိုင်နယ်မှာ ကိုဗင်ထရီနဲ့တွေ့ဆုံနေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ၁၀ ပွဲ ကစားဖို့ကျန်နေချိန်မှာ  အဆင့် ၄ နေရာက ဗီလာအသင်းရဲ့နောက် ၉ မှတ်အကွာ အနေအထားမှာ ရပ်တည်နေပါတယ်။

အခြားတစ်ဖက်မှာလည်း ကလော့ပ်ရဲ့ဖလား ၄ လုံးအိပ်မက်က အဆုံးသတ်ခဲ့ပြီဖြစ်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်၊ မန်စီးတီးတို့နဲ့ အားပြိုင်နေရပါတယ်။ ယူရိုပါလိဂ်မှာတော့ လီဗာပူးအသင်းဟာ ကွာတားဖိုင်နယ်မှာ အတ္တလန္တာအသင်းနဲ့ တွေ့ဆုံနေကာ ကာရာဘောင်ဖလားတော့ ရယူထားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကလော့ပ် #အဲရစ်ဆင် #ပရီးမီးယားလိဂ်