ရှေ့သို့
Image

အသင်းကြီး တစ်သင်းကို ပြောင်းဖို့ ဂျာအိုနီဗက်စ်က အသင့်ဖြစ်နေပါပြီလို့ ပြောကြားလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

12:55 PM, 20 March

အသက် ၁၉ နှစ် အရွယ် ကစားသမားဟာ ဘင်ဖီကာ ပထမအသင်းတွင် အမြဲတမ်း ပွဲထွက်ခွင့်ရရှိထားတဲ့ ကစားသမားဖြစ်လာခဲ့ပြီး လက်ရွေးစင်အသင်းမှာလည်း ဖာနန်ဒက်စ်နှင့် အတူ တွဲဖက်ကစားခဲ့တာလည်းဖြစ်ပါတယ်။

သူ့အသက်အရွယ်နှင့် မလိုက်အောင် စွမ်းဆောင်နိုင်မှုတွေကြောင့် ဥရောပထိပ်တန်းကလပ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။ ဘင်ဖီကာဟာ နီဗက်စ်နှင့် ပတ်သက်ပြီး ဇန်နဝါရီလမှာ ယူနိုက်တက်နှင့် ဆွေးနွေးခဲ့တယ်လို့ ငြင်းဆိုထားသော်လည်း သူ့ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်က ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာကိုတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။

နီဗက်စ်ရဲ့ စာချုပ်ဖျက်သိမ်းခက ပေါင် ၁၀၃ သန်းဖြစ်ပြီး အဆိုပါ ပမာဏကို ယူနိုက်တက်က မပေးလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုနှင့် ပတ်သက်ပြီး ပြောကြားပေးရန် ဖာနန်ဒက်စ်က ငြင်းဆိုခဲ့သော်လည်း သူ့ရဲ့လက်ရွေးစင် အသင်းဖော်ဟာ အသင်းကြီး တစ်သင်းသို့ ပြောင်းဖို့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောကြားခဲ့ပါတယ်။

"ယူနိုက်တက်ရဲ့ ကောလာဟလတွေက အမှန်လားဆိုတာ ကျွန်တော်မသိပေမယ့် သူဟာ အသင်းကြီးတစ်သင်းထံ ပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်တော် သိပါတယ်" "သူက အရမ်းကောင်းတဲ့ ကစားသမားပါ၊ နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြနေသူပါ။ အဲ့ဒါကြောင့်လည်း အသင်းကြီးတွေက သူ့နောက်ကို လိုက်နေကြတာပါ" လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

ယူနိုက်တက်ဟာ ဗာရာနီရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် ရာသီကုန်မှာ ထွက်ခွာခွင့် ပေးသွားမယ်လို့ ထင်ရပါတယ်။ ပြင်သစ်သားဟာ ကလပ်တွင် လစာအများဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး ဆာဂျင်မ်ရက်ဖ်ကလစ်တို့ အဖွဲ့က လုပ်ခလစာလျှော့ချရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

အီဗန်ကလည်း ထွက်ခွာဖွယ်ရှိနေပြီး မက်ဂွါရီ ဒါမှမဟုတ် လင်ဒီလော့ဖ်ကလည်း ရောင်းချခံရဖွယ်ရှိနေပါတယ်။

#အပြောင်းအရွှေ့ #ဖာနန်ဒက်စ် #ဘင်ဖီကာ #ဂျာအိုနီဗက်စ်