ရှေ့သို့
Image

ဘာပေ အရန်ခုံထိုင်နေတာကို ပြင်သစ်အတွက် အပေါင်းလက္ခဏာဆောင်တယ်လို့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်ဆို

10:51 AM, 20 March

ပြီးခဲ့တဲ့လတုန်းက အရန်ခုံမှာ ဘာပေ ၃ ပွဲလောက်ထိုင်ခဲ့ရတာနဲ့ပတ်သက်ပြီး နည်းပြ အင်းနရစ်နဲ့ ပြင်သစ်သားတို့ကြား အချင်းများမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ပြင်သစ်နည်းပြ “ဒက်စ်ချမ့်က ဘာပေရဲ့အနေအထားကိုလျော့ချခဲ့တဲ့ အင်းနရစ်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။ အဲ့တာက အဓိကပြိုင်ပွဲအတွက် ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းမှုအတွက် အရေးပါပါတယ်။ ဘယ်လိုအခြေအနေမှာမဆို ကစားသမားအားလုံးက ရာသီမကုန်ခင်ဆို ပင်ပန်းတတ်ပါတယ်။ အဲ့လိုပင်ပန်းတာကို လျော့ချဖို့က အခုလိုမျိုးလုပ်ဆောင်တာက ကောင်းပါတယ်”လို့ ဒက်စ်ချမ့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အခုနှစ်ပဲရစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် အဓိက ကစားသမားတွေကို လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေက ရီးရဲလ်ကို မပြောင်းခင် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိချင်နေပါတယ်။ ပြင်သစ်သားဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး  ရီးရဲလ်အသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။

“ရီးရဲလ်အသင်းနဲ့အခြေအနေက ဘာမှန်းမသိရသေးပါဘူး။ ဒါပေမယ့် စီးပွားရေးသမားတွေက ဆုံးဖြတ်မှာဖြစ်ပါတယ်။ တကယ်လို့ သူတို့ဘက်က နိုးပြောရင် အဖြေက နိုးပါပဲ”လို့ ဒက်စ်ချမ့်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်သားဟာ မတ်လ ၂၃ ရက်နေ့ ဂျာမနီနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေသလို ချီလီနဲ့ခြေစမ်းပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

#ပြင်သစ် #ဒက်စ်ချမ့် #အမ်ဘာပေ