ရှေ့သို့
Image

စာချုပ်သက်တမ်းရဲ့နောက်ဆုံးနှစ်သို့ ရောက်လာတာကြောင့် ရော်နယ်ဒိုရှိရာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဒီဘရိုင်း

9:12 AM, 20 March

ရော်နယ်ဒိုရှိရာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် မန်စီးတီးကနေ ထွက်ခွာဖို့အတွက် ဒီဘရိုင်းက တွန်းအားပေးခံရနိုင်ပါတယ်လို့ သိရှိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံသားဟာ ၂၀၁၅ ခုနှစ်တွင် အီသီဟက်သို့ ပြောင်းလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံနှင့်အတူ ဆယ်စုနှစ်တစ်ခုအကြာ ကစားပေးလိုကြောင်း အရင်ကပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့စာချုပ်ကလည်း ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားကို အရှေ့အလယ်ပိုင်းက စိတ်ဝင်စားမှုများ ရှိနေပြီး လာမယ့်အပြောင်းအရွှေ့မှာ မန်စီးတီးက ရောင်းချသွားဖွယ်ရှိနေပါတယ်။ ရော်နယ်ဒို၊ ဘန်ဇီးမားတို့နှင့်အတူ အသင်းဖော်ဟောင်းတွေနဖြစ်တဲ့ မာရက်ဇ်၊ လာပေါ်တေးတို့နှင့်အတူ ဒီဘရိုင်းက တွေ့ဆုံရမှာဖြစ်ပါတယ်။

သင့်တော်တဲ့ငွေကြေးနဲ့ဆိုရင် စာချုပ်ကဖြစ်သွားနိုင်ပြီး ကစားသမားကသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိမယ်ဆိုရင် မန်စီးတီးက ညှိနှိုင်းသွားနိုင်ပါတယ်လို့ Manchester Evening News က ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ သူက အင်္ဂလန်မှာ ပျော်ရွင်နေပါတယ်။

တစ်နှစ်တာအကောင်းဆုံး PFA ဆုကို ၂ ကြိမ်ရရှိထားတဲ့ ဒီဘရိုင်းဟာ မန်စီးတီးအတွက် ပွဲပေါင်း ၃၇၀ ကစားထားပြီး ဆုဖလား ၁၄ လုံး ရရှိအောင် ကူညီပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဒဏ်ရာ ရရှိမှုတွေက အသက် ၃၂နှစ်အရွယ် ရှိပြီဖြစ်တဲ့ သူ့အတွက် ပြဿနာတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကာလတွေမှာ မန်စီးတီးဟာ ဖာနန်ဒင်ဟိုနှင့် ဂန်ဒိုဂန်တို့လို ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနှင့် ထွက်ခွာခွင့် ပေးခဲ့ရတာဖြစ်ပါတယ်။

#မန်စီးတီး #ဒီဘရိုင်း #ပရီးမီးယားလိဂ်