ရှေ့သို့
Image

ဒဏ်ရာပြဿနာကြောင့် နိုင်ဂျီးရီးယားလူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ အိုဆီမင်

1:36 PM, 19 March

နာပိုလီအသင်း တိုက်စစ်မှူး ဗစ်တာအိုဆီမင်ဟာ ဒဏ်ရာကပြဿနာကြောင့် နိုင်ငံ့လက်ရွေးစင် နိုင်ဂျီးရီးယားလူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ ကလပ်အသင်းဘက်က အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အင်တာမီလန်ကို ၁-၁ နဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံသာထိုင်ခဲ့ရတာဖြစ်ပြီး အဆိုပါပွဲစဉ် မတိုင်ခင်မှာတော့ အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်လို့သိရပါတယ်။ အိုဆီမင်ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အသင်းနည်းပြ ဖရန်ဆက်စ်ကို ကယ်လ်ဇိုနာကတော့ ဒဏ်ရာဟောင်းအမာရွတ်ရောင်ရမ်းခြင်းဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ကစားသမားဟာ နာပိုလီရဲ့အသင်းလူစာရင်းမှာပင် ပါဝင်နိုင်ခြင်းမရှိတာကြောင့် နိုင်ငံတကာပွဲစဉ်တွေကနေလည်း နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ အိုဆီမင်သာမက အခြားကစားသမားတွေဖြစ်တဲ့ ဟာမက်ဂျူနီယာထရာအိုရေးနဲ့ ဂျက်စ်ပါလင်ဒ်စထရောင်းတို့ကလည်း အိုင်ဗရီကို့စ်နဲ့ ဒိန်းမတ်အသင်းတွေမှာ ပါဝင်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

သို့သော် အီတလီအသင်းလူစာရင်းမှာတော့ အဲလက်ဇ်မီရက်၊ ဒီလော်ရန်ဇို၊ ရက်စ်ပါဒိုရီ တို့ပါဝင်သွားမှာဖြစ်ပါတယ်။

#စီးရီးအေ #နာပိုလီ #နိုင်ဂျီးရီးယား #အိုဆီမင်