ရှေ့သို့
Image

ပွဲမတိုင်ခင်နားထောင်လေ့ရှိတဲ့ Spotify စာရင်းကို ထုတ်ပြလိုက်တဲ့ လီဝန်ဒေါစကီး

10:41 AM, 19 March

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ပွဲမကန်ခင်မှာ နားထောင်လေ့ရှိတဲ့ Spotify စာရင်းကို ပရိသတ်တွေထံ ချပြလိုက်ပါတယ်။ လီဝန်ဒေါစကီးဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဖီဖာအကောင်းဆုံး ဆုကို ၂ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။

လက်ရှိဘာစီလိုနာအသင်းမှာ ကစားနေတဲ့ ပိုလန်သားဟာ လာလီဂါဆုဖလား ၂ ကြိမ်အပြင် ပထမရာသီမှာ ရွှေဖိနပ်ဆုကိုရယူထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာကို Spotify က စပွန်ဆာပေးထားတာဖြစ်ပြီး လီဝန်ဒေါစကီးက တွစ်တာကနေ ပွဲမကန်ခင်နားထောင်လေ့ရှိတဲ့သီချင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

“ဂိုးတွေသွင်းယူနိုင်တဲ့ လျှို့ဝှက်ချက်လား?။ ဒါက ကျွန်တော်နားထောင်နေတဲ့ လျှို့ဝှက်ချက်ကြောင့်ပါ”လို့ လီဝန်ဒေါစကီးက ပြောကြားခဲ့ပါတယ်။

အဆိုပါစာရင်းထဲမှာ Miley Cyrus / Justin Bieber / Shakira တို့ပါဝင်နေသလို အဆိုတော် အာရှာရဲ့သီချင်းတွေလည်း ပါဝင်နေပါတယ်။ ပိုလန်သားအနေနဲ့ အဆိုပါစာရင်းနဲ့အတူ အခုရာသီကို ဆက်လက်ဖြတ်သန်းဖွယ်ရှိနေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လီဝန်ဒေါ့စကီး