ရှေ့သို့
Image

၂၀၁၇ခုနှစ် ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်မယ့် ဂရစ်ဇ်မန်း

8:46 AM, 19 March

ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအတွက် ကစားပေးရင်း ဒဏ်ရာရခဲ့တာကြောင့် မကြာခင်ကစားမယ့် ပြင်သစ်အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၇ခုနှစ် ဩဂုတ်လနောက်ပိုင်း ဂရစ်ဇ်မန်းတစ်ယောက် လက်ရွေးစင်အသင်းအတွက် ပထမဆုံး လွဲချော်မှုဖြစ်စေခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြင်သစ်အသင်း အတွက် နောက်ဆုံး၈၄ပွဲဆက် ပါဝင်ကစားပေးထားခဲ့ပြီး အဆိုပါစံချိန်က ယခုအချိန်မှာ ရပ်တန့်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ပြင်သစ်အသင်းအတွက် ၁၂၇ပွဲ ကစားပြီး ၄၄ဂိုး သွင်းထားတဲ့ ၃၂နှစ်သားနေရာကို ဂွမ်ဒိုဇီနဲ့ နည်းပြဒက်စ်ချမ့်က လူစားထိုးခဲ့ပါတယ်။

လက်ရှိလာဇီယိုမှာ ကစားနေတဲ့ ၂၄နှစ်သား ဂွမ်ဒိုဇီဟာ ပြင်သစ်အသင်းအတွက် ၇ပွဲ ကစားပေးထားခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ စနေညမှာ ဂျာမနီ၊ မတ်လ ၂၆ရက်နေ့မှာ ချီလီအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားသွားဖို့ ရှိနေပါတယ်။

#လာလီဂါ #ပြင်သစ် #အက်သလက်တီကို #ဂရစ်ဇ်မန်း