ရှေ့သို့
Image

လက်စတာနဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့လို့ တောင်းပန်စကားဆိုလာတဲ့ စတာလင်

2:26 PM, 18 March

ယမန်နေ့ညက လက်စတာကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီလွဲ ချော်ခဲ့တဲ့ ချဲလ်ဆီး တောင်ပံကစားသမား ရာဟင်စတာလင်က ပွဲအပြီးမှာ ပရိသတ်တွေကို တောင်းပန်စကားဆိုလာခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက ၁-၀ နဲ့ဦးဆောင်နေစဉ် ပွဲကစားချိန် ၂၆ မိနစ်မှာ ဦးဆောင်မှုကို ၂ ဆတိုးနိုင်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးအနေနဲ့ ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့တာဖြစ်ပေမယ့် စတာလင်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။ ထို့နောက်မှာတော့ စတာလင်ဟာ သူ့ရဲ့အမှားကို ချေဖျက်တဲ့ အနေနဲ့ ကိုးလ်ပယ်မာရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်စတာက ချေပဂိုး ၂ ဂိုးပြန်လည်ရရှိခဲ့ပေမယ့် ချဲလ်ဆီးအတွက် ဆီးမီးဖိုင်နယ် ပို့နိုင်မယ့် အနိုင်ဂိုး ၂ ဂိုးကိုတာ့ ပွဲပြီးကာနီးမှာ ချူကွေမီကာနဲ့ မာဒူကီတို့က အသီးသီးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အနိုင်ရခဲ့သော်လည်း ပွဲအပြီးမှာတော့ စတာလင်က သူ့ရဲ့ပင်နယ်တီ လွဲချော်မှုအတွက် အင်စတာဂရမ်ကနေတစ်ဆင့် တောင်းပန်စကားဆိုလာခဲ့ပါတယ်။

အင်္ဂလန်သားက “ကျွန်တော့်ရဲ့ပင်နယ်တီ လွဲချော်မှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးပရိတ်တွေအားလုံးကို တောင်းပန်ပါတယ်။ အသင်းရဲ့နိုင်ပွဲတွေကို ဆက်လက်ပုံဖော်နိုင်ဖို့ အခုထက်ပိုပြီး ၁၀ ဆလောက်ပိုသန်မာလာပါမယ်။ ဒီအသင်းရဲ့အမှတ်တံဆိပ်အတွက် နေ့တိုင်းပေးဆပ်နေပါတယ်” လို့ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။

စတန်းဖို့ဘရစ်ချ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့ပြီဖြစ်ပေမယ့် လက်ရှိချန်ပီယံမန်စီးတီးကိုကျော်ဖြတ်နိုင်မှသာ ဗိုလ်လုပွဲကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ကတော့ ကိုဗင်ထရီနဲ့ထိပ်တိုက်တွေ့ဆုံနေပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းကိုပိုင်ဆိုင်ထားပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတကာပွဲစဉ်တွေကြောင့် ကလပ်အသင်းပွဲစဉ်တွေကို ရပ်နားထားပြီး မတ်လ ၃၀ ရက်နေ့မှာတော့ စတာလင်နဲ့ချဲလ်ဆီးတို့ဟာ ဘန်လေကို စတန်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #လက်စတာ #စတာလင် #အက်ဖ်အေဖလား