ရှေ့သို့
Image

စိတ်ပျက်စရာတွေရှိနေပေမယ့် အင်တာမီလန်မှာသာ ပျော်ရွှင်နေတဲ့ လော်တာရိုမာတီနက်ဇ်

1:16 PM, 17 March

မာတီနက်ဇ်အနေနဲ့ အင်တာမီလန်မှာသာ ပျော်ရွှင်နေပါတယ်လို့ ကစားသမားရဲ့ အေးဂျင့်က ပြောကြားလိုက်ပါတယ်။

ဒီတစ်ပတ်မှာကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အား ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် လော်တာရိုအနေနဲ့ ကောင်းကောင်းမွန်မွန်ရှိနေပါတယ်လို့ အေးဂျင့်ကာမန်နိုက ပြောကြားလိုက်ပါတယ်။CalcioNapoli24 သို့ ကာမန်နိုက "သူက အရမ်းကိုစိတ်ဓာတ်ကြံ့ခိုင်တဲ့သူပါ။ ဘောလုံးက ဒီလို စိတ်ပျက်စရာတွေရှိတယ်ဆိုတာ သူ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ သူဟာ ဒီအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလို့ ခံစားရတာကြောင့် တာဝန်ရှိတယ်လို့ ခံစားရတာကြောင့် အင်တာမီလန်မှာ ပျော်ရွှင်နေပါတယ်"

"အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ စိတ်ပျက်ဖွယ်ရာဖြစ်ခဲ့ပြီးနောက် နောက်ထပ်ရည်မှန်းချက်တစ်ခုကို ဦးတည်ရတော့မယ်ဆိုတာကို သူသိပါတယ်။ လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်အတွက် နောက်တစ်ကြိမ် ရည်မှန်းလို့ရမှာပါ။ ဒါဟာ ဘောလုံးဆိုင်ရာပြဿနာတစ်ခုသာမက စီးပွားရေးနဲ့လည်းသက်ဆိုင်ပါတယ်။ တစ်သင်းလုံးကို အင်တားဖြည့်တင်းဖို့လိုပြီး ပြိုင်ဆိုင်ခေါ်ယူဖို့အတွက် ကလပ်ကလည်း ငွေကြေးလိုအပ်ပါတယ်"

"အရမ်းကောင်းတဲ့ အခိုက်အတန့်ဖြစ်နေတာသလို လက်ရှိစာချုပ်မှာလည်း သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။ ဒီနေ့မှာလည်း ကလပ်နှင့်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိထားသလို နည်းပြဟောင်းဖြစ်တဲ့ ဟက်တာကူပါရဲ့ အေးဂျင့်လည်းဖြစ်ခဲ့ဖူးတာကြောင့် ကျွန်တော်ဟာ အင်တာနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဆက်ဆံရေးက ကောင်းမွန်နေတုန်းဖြစ်ပြီး နောက်ထပ် ၂ နှစ်သက်တမ်းရှိစာချုပ်အတွက် ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးနိုင်မှာလည်းဖြစ်ပါတယ်။ ဒီနေ့အတွက် အရေးကြီးဆုံးက အင်တာဖြစ်တယ်ဆိုတာ လော်တာရိုကလည်း သိပါတယ်" လို့ ပြောပါတယ်။


#စီးရီးအေ #အင်တာမီလန် #မာတီနက်ဇ်