ရှေ့သို့
Image

နောက်ရာသီ ဘယ်မှာရှိနေမလဲဆိုတာ သိရှိပြီးသားလို့ လီဝန်ဒေါ့စကီး ပြောကြား

12:51 PM, 15 March

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါ့စကီးက လာမယ့်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

ဆော်ဒီကလပ်တွေက စိတ်ဝင်စားမှုတွေ ရှိနေတာကြောင့် လီဝန်ဒေါ့စကီးရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်သားကတော့ အဆိုပါအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်အတွက် အရာအားလုံးကရှင်းလင်းပါတယ်။ လာမယ့်ရာသီ ကျွန်တော်ဘယ်နေရာမှာ ရှိနေမလဲဆိုတာ သိပြီးသားပါ။ အဲ့လမ်းကြောင်းအတိုင်း ဆက်နေနေမှာပါ။ ကျွန်တော် အကြိမ်တော်တော်များများပြောသလိုပါပဲ။ ဘာမှမပြောင်းလဲပါဘူး။ တစ်နေ့မှာ တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုရေးရင် ကျွန်တော်က ပြောင်းပြန်လုပ်မှာပါ”လို့ လီဝန်ဒေါ့စကီးက ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါ့စကီးက ဘာပေတစ်ယောက် နွေရာသီမှာ စပိန်မြေကိုပြောင်းလာမှာနဲ့ ပတ်သက်ပြီးလည်း ပြောကြားခဲ့ပါတယ်။ “သူတရားဝင်ပြောင်းလာပြီးလားဆိုတာ ကျွန်တော်မသိသေးပါဘူး။ အဲ့တာက ပြောဖို့ ခက်ခဲပါတယ်။ သေချာတာက ကျွန်တော်တို့ တရားဝင်မဖြစ်ခင်အထိ စောင့်ဆိုင်းရဖို့ လိုအပ်ပါတယ်။ ဘာပေနဲ့ အတိတ်တုန်းက စကားပြောဖြစ်ပါတယ်။ လာလီဂါမှာ သူနဲ့ပြိုင်ဘက်အဖြစ် ကစားရမှာက တကယ်ကောင်းပါတယ်”လို့ လီဝန်ဒေါ့စကီးက ပြောကြားခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာ ပထမရာသီမှာ ပီချီချီဆုကိုရရှိခဲ့သလို ဂိုးသွင်းအများဆုံး နေရာမှာလည်း ထိပ်ဆုံးနေရာက ဘယ်လင်ဟမ်နဲ့ ၄ ဂိုးအကွာ ၁၂ ဂိုးနဲ့ရပ်တည်နေပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လီဝန်ဒေါ့စကီး