ရှေ့သို့
Image

ယူနိုက်တက်က ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း တုံ့ပြန်လာတဲ့ ရက်ရှ်ဖို့ဒ်

12:37 PM, 15 March

အမ်ဘာပေဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးနောက် လီဂူးဝမ်းချန်ပီယံတွေဟာ နွေရာသီအပြောင်းအရွှေ့မှာ ကြယ်ပွင့်ကစားသမားရဲ့နေရာကို အစားထိုးဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူရန် နှစ်ကြာရှည်စွာလိုက်ခဲ့ပြီးနောက် အသင်းရဲ့ကြယ်ပွင့်လူစာရင်းတွင် ထည့်သွင်းဖို့ မျှော်လင့်ထားပါတယ်။ အမ်ဘာပေဟာ ပဲရစ်တွင် လစာအများဆုံး ကစားသမားဖြစ်နေပြီး သူ့ရဲ့နေရာကိုအစားထိုး ခေါ်ယူရန်အတွက် လစာငွေသက်သာမှုကို ပီအက်စ်ဂျီက အသုံးပြုဖွယ် ရှိနေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အိုးထရက်ဖို့ဒ်တွင် ဆက်နေရန် နှစ်ရှည်စာချုပ် မချုပ်ဆိုမီ ၂၀၂၂ ခုနှစ်တွင် ပီအက်စ်ဂျီအသင်းရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အဆိုပါတိုက်စစ်မှူးဟာ ယခုနှစ်ရာသီ တန်ဟက်ရဲ့ လက်ထက်တွင် ရုန်းကန်ခဲ့ရပြီး ၃၄ ပွဲတွင် ၇ ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အပြင် ကွင်းပြင်ပတွင်လည်း ကလပ်ရဲ့စည်းကမ်းပိုင်းအရ အပြစ်ပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရက်ရှ်ဖို့ဒ်အား ပေါင် ၇၅ သန်းဖြင့်ခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီအတွက် အတားအဆီးမရှိနေတာဖြစ်ပါတယ်လို့ Daily Mirror က ဖော်ပြထားပါတယ်။ ရုန်းကန်မှုများရှိနေသော်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်အပေါ် သူ့ရဲ့ပေးဆပ်မှုနှင့် ကလပ်အသင်းအား ယခင်ကဲ့သို့ ဂုဏ်သတင်းကျော်ဇောမှုများဆီသို့ ပြန်လည်ရောက်ရှိစေရန် ကူညီလိုတဲ့ဆန္ဒကို The Players Tribune နှင့် အင်တာဗျူးတွင် ထပ်မံအတည်ပြု ပြောကြားထာပါတယ်။

"ကျွန်တော်ဟာ ပြီးပြည့်စုံတဲ့လူမဟုတ်ပါဘူး။ ကျွန်တော် အမှားလုပ်မိတဲ့အခါမှာ ပိုကောင်းအောင်လုပ်ဖို့လိုတယ်လို့ ပြောတဲ့ ပထမဆုံးလူဖြစ်လာမှာပါ" "ဒါပေမယ့် ယူနိုက်တက်နှင့်ပတ်သက်ပြီး ကျွန်တော်ရဲ့ ပေးဆပ်မှုကို မေးခွန်းထုတ်မယ်ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာရှိပါတယ်။ တစ်စုံတစ်ယောက်က ကျွန်တော်ရဲ့ စရိုက်လက္ခဏာ တစ်ခုလုံးကို မေးခွန်းထုတ်သကဲ့သို့ ကျွန်တော်ရဲ့ ရပ်တည်ပေးနေသမျှကို မေးမြန်းနေသကဲ့သို့ဖြစ်ပါတယ်" "ကျွန်တော်က ဒီမှာကြီးပြင်းလာခဲ့တာပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဒီကလပ်အတွက် ကစားခဲ့တာပါ။ ကျွန်တော်ငယ်ငယ်က ဘဝကိုပြောင်းစေနိုင်တဲ့ ငွေကြေးကို မိသားစုက ငြင်းပယ်ခဲ့ပြီး ဒီတံဆိပ်ကို ဝတ်နိုင်ခဲ့ပါတယ်" လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ငယ်ဘဝကလပ်အပေါ် သစ္စာစောင့်သိသော်လည်း ပီအက်စ်ဂျီကတော့ အမ်ဘာပေရဲ့နေရာကို အစားထိုးဖို့ ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုလည်း ပီအက်စ်ဂျီက ရွေးချယ်ဖို့ လုပ်ဆောင်သွားနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပီအက်စ်ဂျီ #ရက်ရှ်ဖို့ဒ် #ပရီးမီးယားလိဂ် #အမ်ဘာပေ