ရှေ့သို့
Image

အမ်ဘာပေရဲ့နေရာ အစားထိုးဖို့ ဒီယက်ဇ်ကို မျက်စိကျနေတဲ့ ပီအက်စ်ဂျီ

10:57 AM, 15 March

လီဗာပူးက ယူရို ၁၄၅သန်း အထိလိုချင်နေတာဖြစ်သော်လည်း ပီအက်စ်ဂျီဟာ အမ်ဘာပေရဲ့နေရာကိုအထားထိုးဖို့ ဒီယက်ဇ်ကို မျက်စိကျနေတယ်လို့ သိရှိရပါတယ်။

အမ်ဘာပေဟာ ယခုနွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် မျှော်လင့်ထားတာကြောင့် ပီအက်စ်ဂျီ လီဗာပူးတောင်ပံကစားသမားဘက်သို့ မျှားဦးလှည့်လာခဲ့တာဖြစ်ကြောင်း El Pais Colombia က ဖော်ပြထားပါတယ်။ နည်းပြ ကလော့ပ်ဟာ ရာသီကုန်တွင် အန်ဖီးလ်မှ ထွက်ခွာသွားပြီးနောက် အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ရှိနေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားပါတယ်။

 သို့သော်လည်း ကိုလံဘီယာ လက်ရွေးစင်အတွက် ယူရို သန်း ၁၂၀ မှ ယူရို ၁၄၅ သန်း (ပေါင် ၁၀၂ သန်းမှ ပေါင် ၁၂၃ သန်း၊ ဒေါ်လာ ၁၃၁ သန်းမှ ၁၆၄ သန်း) ကြား ကုန်ကျနိုင်ကြောင်း အခိုင်အမာဆိုထားပါတယ်။ အမ်ဘာပေရဲ့ ရှည်လျားတဲ့ အပြောင်းအရွှေ့ဇာတ်လမ်းနှင့် ကလော့ပ်ရဲ့ ထွက်ခွာခါနီးအချိန်တို့ဟာ လက်ရှိဘောလုံးလောကတွင် အကြီးမားဆုံးဇာတ်လမ်း ၂ ခုဖြစ်ပြီး ပီအက်စ်ဂျီနှင့် လီဗာပူးတို့ဟာ အထင်ကရပုဂ္ဂိုလ်နှစ်ဦးမရှိဘဲ မသေချာမရေရာသောခေတ်သစ်ကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ထိပ်တန်းတွင် အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားရန်မှာ အဓိကကျတာကြောင့် စံပြအစားထိုးမှုများကို တတ်နိုင်သမျှအမြန်ဆုံးရှာဖွေခြင်းဟာ လာမယ့်ရာသီ ၂ သင်းစလုံးအဖို့ ချောမွေ့စွာလုပ်ဆောင်နိုင်စေရန် အတွက် အရေးကြီးပါတယ်။ ပေါ်တိုအသင်းမှ ၂၀၂၂ ခုနှစ်တွင် ပေါင်သန်း ၄၀ (ဒေါ်လာ ၅၁.၃ သန်း၊ ယူရို ၄၇ သန်း) ဖြင့် ခေါ်ယူခဲ့ပြီးနောက် လီဗာပူးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒီယက်ဇ်ကို ဘာစီလိုနာနှင့် အေစီမီလန်အသင်းတို့ကလည်း ပစ်မှတ်ထားနေပါတယ်။

သူဟာ ဒီရာသီမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ ဒီယက်ဇ်နှင့် လီဗာပူးတို့ဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် စပါတာပရာဟာနှင့် ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။

အက်ဖ်အေဖလားကွတားဖိုင်နယ်မှာလည်း ယူနိုက်တက်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ဒီယက်ဇ် #အမ်ဘာပေ