ရှေ့သို့
Image

ပေါင်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဒီဘရိုင်း

8:37 AM, 15 March

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် ပေါင်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဘရိုင်းဟာ တံကောက်ကြော ဒဏ်ရာကြောင့် ရာသီအစ ၅ လလောက်ကို အနားယူခဲ့ရပြီး ဇန်နဝါရီတုန်းကမှ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဘယ်လ်ဂျီယံသားဟာ အိုင်ယာလန် ၊ အင်္ဂလန်တို့နဲ့ကန်မယ့်ပွဲတွေကို လွဲချော်တော့မှာဖြစ်ပါတယ်။

“တံကောက်ကြောဒဏ်ရာနဲ့ ဆက်စပ်နေမလားဆိုတာ ကျွန်တော်မသိပါဘူး။ အခုတော့ သူ့အနေနဲ့ပွဲအနည်းငယ်လောက်ကတည်းက ပေါင်ဒဏ်ရာပြဿနာရှိနေတာပါ။ မနေ့ကတုန်းက ကျွန်တော် ဆရာဝန်၊ ကီဗင်တို့နဲ့ စကားပြောဖြစ်ခဲ့ပြီး အရဲမစွန့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့တာက ကစားသမားနဲ့ပတ်သက်ပြီး ကျွန်တော်တို့တာဝန်ယူမှုပါ။ သူ့ကိုစီးတီးမှာပဲ အနားယူချိန်ပေးတာပိုကောင်းပါတယ်။ အဲ့နောက် သူ့အနေနဲ့ ယူရိုပြိုင်ပွဲမှာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ အခုချိန်မှာတော့ သူ့ကို အရဲစွန့်လို့မဖြစ်ပါဘူး”လို့ ဘယ်လ်ဂျီယံနည်းပြ တီဒက်စ်ကိုက ပြောကြားခဲ့ပါတယ်။

တီဒက်စ်ကိုဟာ စာချုပ်သက်တမ်း ၂ နှစ် တိုးထားပြီး ၂၀၂၆ ကမ္ဘာ့ဖလားအထိ ဘယ်လ်ဂျီယံအသင်းမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ မာတီနက်ဇ် ထွက်ခွာပြီးနောက် တီဒက်စ်ကိုက အစားဝင်လာခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံဟာ နောက်ဆုံး ၁၀ ပွဲကို မရှုံးနိမ့်ထားတာဖြစ်ပါတယ်။ တီဒက်စ်ကိုဟာ ဘယ်လ်ဂျီယံကို ၂၀၂၄ ယူရိုပြိုင်ပွဲကို အလွယ်တကူဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံဟာ အင်္ဂလန်အသင်းနဲ့မတိုင်ခင် မတ်လ ၂၃ ရက်နေ့မှာ အိုင်ယာလန်နဲ့ကန်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #ဒီဘရိုင်း #ဘယ်လ်ဂျီယံ #ပရီးမီးယားလိဂ်