ရှေ့သို့
Image

ဒဏ်ရာ ရရှိနေတဲ့ မာတီနက်ဇ်က အာဂျင်တီးနား လူစာရင်းမှာ ဘာကြောင့် ပါဝင်နေရတာလဲဆိုတာ ရှင်းပြလိုက်တဲ့ စကာလိုနီ

12:53 PM, 14 March

ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ အရွတ်ဒဏ်ရာကြောင့် အနားယူနေရပေမယ့် အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်းခံထားရပါတယ်။

အာဂျင်တီးနားနည်းပြ လီယွန်နယ်စကာလိုနီက ယခုလအတွင်းကစားမယ့် အယ်လ်ဆာဗေးဒေါ၊ ကော်စတာရီကာအသင်းတို့နှင့် ခြေစမ်းပွဲလူစာရင်းမှာ အသက် ၂၆ နှစ်အရွယ် ကစားသမားအား ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း မာတီနက်ဇ်ဟာ ဖေဖော်ဝါရီအစောပိုင်းကတည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး လက်ရွေးစင်အသင်း အတွက် ပါဝင်ကစားရန် မသင့်လျော်နေတာဖြစ်ပါတယ်။

စကာလိုနီဟာ အမေရိကန်သို့ သွားရောက်မည့် လာမယ့်ပွဲစဉ်များအတွက်  ကစားသမား စာရင်းတွင် ဗဟိုခံစစ်ကစားသမားကို ထည့်သွင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မာတီနက်ဇ်က မကစားနိုင်သော်လည်း အသင်းနှင့် နီးစပ်စေလိုသောကြောင့်ဖြစ်ကြောင်း ESPN က ဖော်ပြထားပါတယ်။ ကမ္ဘာ့ဖလားရရှိထားတဲ့ နည်းပြဟာ ကိုပါအမေရိကဖလားအတွက် တွေးထားတာဖြစ်ပြီး မာတီနက်ဇ်ကို နွေရာသီပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေကာ လီယွန်နယ်မက်ဆီအပါအဝင် အခြားအသင်းဖော်တွေနဲ့အတူရှိနေတာက ကစားသမားအပါအဝင် အသင်းအတွက် အကျိုးရှိစေတယ်လို့ ယုံကြည်နေတာပါ။

မာတီနက်ဇ်ဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ၁၀ ပွဲသာ ကစားပေးထားပါတယ်။ စက်တင်ဘာလလယ်တွင် ခြေဖဝါးဒဏ်ရာ ရရှိခဲ့ပြီး ဇန်နဝါရီလအထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးတာဖြစ်ကာ ၄ ပွဲကစားပြီးနောက် ဖေဖော်ဝါရီလအစောပိုင်းကတည်းက နားနေရတာဖြစ်ပါတယ်။

အေဂျက်စ်ကြယ်ပွင့်ဟောင်းဟာ အဲရစ်တန်ဟက်ရဲ့အသင်း အတွက် မကြာမီအချိန်အတွင်း ပြန်ကစားနိုင်ရန် မျှော်လင့်ထားတာကြောင့် ယူနိုက်တက်တွင် ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာဖို့လုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ယူနိုက်တက်ဟာ လီဗာပူးနှင့် ယှဉ်ပြိုင်ကစားရချိန် မာတီနက်ဇ်က ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

#မန်ချက်စတာယူနိုက်တက် #ဆကာလိုနီ #အာဂျင်တီးနား #မာတီနက်ဇ် #ပရီးမီးယားလိဂ်