ရှေ့သို့
Image

အာဆင်နယ်ကိုဘာကြောင်း ပြောင်းလာခဲ့ရလဲဆိုတာကို အိုဒီဂတ် ထုတ်ဖော်ပြောကြား

9:20 AM, 14 March

ပေါ်တိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က ဒီလိုညတွေ အတွက် အာဆင်နယ်ကိုပြောင်းလာတာလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အသက် ၂၅ နှစ်သားဟာ ၂၀၂၁ တုန်းက ရီးရဲလ်အသင်းထံကနေ ပေါင်သန်း ၃၀ နဲ့ အာဆင်နယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ ဆယ်ကျော်သက်ကစားသမားဘ၀ ရီးရဲလ်အသင်းအတွက် ကစားပေးချင်တဲ့ အိပ်မက်ရှိခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အာဆင်နယ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အဆိုပါဆုံးဖြတ်ချက်ဟာ နော်ဝေသားအတွက် မှန်ကန်ခဲ့ပြီး အာဆင်နယ်မှာ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တိုကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ရာမှာလည်း အရေးပါတဲ့သူဖြစ်ခဲ့သလို အာဆင်နယ်ကို ၁၄ နှစ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ပထမဆုံးအကြိမ်ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီကိုရောက်လာခဲ့တာက ဒီအသင်းရဲ့ပရောဂျက်ကို ယုံကြည်တာကြောင့်ပါ။ သူတို့ဘာလုပ်နေဆဲဆိုတာ အသင်းမှာရှိနေတဲ့အရာအားလုံးကို ယုံကြည်ပါတယ်။ အခုလည်း အဲ့တာတွေက အလုပ်ဖြစ်နေပါပြီ။ ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး တွန်းအားပေးရင် နေ့တိုင်း အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆင်ပြေနေတယ်လို့ ထင်ပါတယ်။ ဒီနေ့ညက အားလုံးအတွက် ကြီးမားတဲ့ ညတစ်ညပါ။ ကျွန်တော်တို့မှာ ငယ်ရွယ်တဲ့လူစာင်းရှိနေဆဲပါ။ ဒါပေမယ့် နောက်ထပ်ကြီးမားတဲ့အတွေ့အကြုံတော့ရလိုက်ပါတယ်”

“ကျွန်တော်တို့ ဆက်လက်ပြီးအဆင်ပြေအောင်လုပ်ဆောင်ဖို့ လိုအပ်သလို ရာသီကုန်အထိ ဒီအတိုင်း ဆက်သွားနိုင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့တာက လူတိုင်းအတွက် ကြီးမားတဲ့ မျှော်လင့်ချက်ပါ။ ကျွန်တော်တို့ ဒီနေ့ပွဲမှာ လုပ်နိုင်ခဲ့ပါတယ်။ အဲ့တာက အကောင်းဆုံးပွဲတော့ မဟုတ်ပေမယ့် အားလုံးကတွန်းအားပေးပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေလည်းရှိလာပါတယ်။ အားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ပစ်မှတ်ကိုရအောင် လုပ်နိုင်ခဲ့ပါတယ်။ အခုထက်ပိုပြီးတော့ အခွင့်အရေးတွေဖန်တီးနိုင်ပြီး ခြိမ်းခြောက်နိုင်ခဲ့သင့်တာပါ။ ဒါပေမယ့် အဆုံးသတ်မှာ အားလုံးအဆင်ပြေခဲ့ပါတယ်”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။

အိုဒီဂတ်က ဒုတိယပိုင်းမှာ သူသွင်းယူခဲ့တဲ့သွင်းဂိုးကို ကွင်းလယ်ဒိုင် တာပင်က ဂိုးအဖြစ်မသတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“အဲ့တာက ရူးသွပ်စရာပါ။ ဒီဂိုးက ကျွန်တော်တောင် အံ့သြမိပါတယ်။ အဲ့ဂိုးကပေးဂိုးပေးရမှာပါ။ ပြစ်ဒဏ်ဘောမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ ပြဿနာမဟုတ်ပါဘူး”လို့ အိုဒီဂတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #အိုဒီဂတ် #ပရီးမီးယားလိဂ်