ရှေ့သို့
Image

လာဇီယိုအသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဆာရီ

9:11 AM, 14 March

လာဇီယိုအသင်းနည်းပြ ဆာရီတစ်ယောက် ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပြီး သူ့နေရာမှာ လက်ထောက်နည်းပြ မာတူဆယ်လိုက ဆက်လက်တာဝန်ယူမယ်လို့ အသင်းဘက်က ကြေညာခဲ့ပါတယ်။

“လာဇီယိုအသင်းက ဆာရီတစ်ယောက် စီနီယာအသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ နည်းပြဘဝအသင်းနဲ့အတူ လုပ်ဆောင်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ချင်ပါတယ်။ အနာဂတ်မှာ သူအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်ချိန်တည်းမှာ ဆာရီနေရာကို လက်ထောက်နည်းပြ မာတူဆယ်လိုက ဆက်လက်တာဝန်ယူပါမယ်”လို့ အသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၆၅ နှစ်သား ရာထူးကနေ နုတ်ထွက်စာတင်တာကို အင်္ဂါနေ့တုန်းက အီတလီမီဒီယာတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။ လာဇီယိုဟာ အူဒီးနီးစ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့အရေးနိမ့်ခဲ့တာကြောင့် ၂၈ ပွဲကစားပြီးချိန်မှာ ၄၀ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

လာဇီယိုဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲကို အရေးနိမ့်ထားခဲ့ပါတယ်။ ဆာရီဟာ ၂၀၂၁ ဇွန်လတုန်းက အင်ဇာဂီနေရာမှာ အစားဝင်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက ဘိုင်ယန်ကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့ပြီးနောက် လာဇီယိုဟာ ဆာရီကိုထုတ်ပယ်ဖို့ စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါရလဒ်ကြောင့် ဆာရီဟာ ဖိအားတွေများလာခဲ့ပြီး စာချုပ်သက်တမ်းက ၂၀၂၅ မှာမှ ကုန်ဆုံးမှာ ဖြစ်ပေမယ့် နုတ်ထွက်လာခဲ့တာဖြစ်ပါတယ်။

#စီးရီးအေ #ဆာရီ #လာဇီယို