ရှေ့သို့
Image

ပွဲထွက်ခွင့်ရရှိဖို့ ယခုထက်ပိုပြီး တိုးတက်ဖို့လိုပါတယ်လို့ မူဒရစ်အား သတိပေးလိုက်တဲ့ ပိုချက်တီနို

1:34 PM, 13 March

နယူးကာဆယ်နှင့်ပွဲတွင် အရန်ခုံမှ လူစားဝင်ကာ တစ်ကိုယ်တော်သွင်းဂိုးဖြင့် ခြေစွမ်းပြ သွင်းယူခဲ့ပြီးနောက် မူဒရစ်အား ပိုချက်တီနိုက သတိပေးပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာ တနင်္လာနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် နယူးကာဆယ်အား စတန်းဖို့ဒ်ဘရစ်ချ်တွင်  ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ နီကိုးလပ်စ်ဂျက်ဆင်၊ ကိုးလ်ပယ်လ်မာနှင့် လူစားဝင်ကစားသမား မူဒရစ်တို့က ဂိုးများသွင်းယူခဲ့တာဖြစ်ပါတယ်။ ယူကရိန်း တိုက်စစ်ကစားသမားဟာ စတာလင် အစားဝင်ရောက်လာပြီးနောက် ၅ မိနစ်အကြာတွင် အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ပိုချက်တီနိုက လူငယ်ကစားသမားကို ကောင်းမွန်တဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အတွက် ချီးကျူးပြောဆိုခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ကစားသမားစာရင်းမှာ နေရာတစ်နေရာရချင်တယ်ဆိုရင် ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာဂျင်တီးနားသားနည်းပြက သတင်းထောက်တွေကို "ဒါဟာ အရမ်းကောင်းတဲ့ဂိုးဖြစ်ပြီး အရန်ခုံကနေဝင်ရောက်တဲ့ ကစားသမားတစ်ယောက်ဆီက ကျွန်တော်တို့ မျှော်လင့်ထားသလိုပါပဲ" "ဒါဟာ သူ့ရဲ့နေရာအတွက် အခြားကစားသမားတွေ ယှဉ်ပြိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲထွက်ခွင့်ရရှိဖို့ ထိုက်တန်လာမှာပါ" လို့ ပြောပါတယ်။

ချဲလ်ဆီးအတွက် အလွန်လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ပြီး နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ပွဲမှာသာ ၃ မှတ်ရယူနိုင်ခဲ့တာပါ။ တနင်္လာနေ့က စိတ်အားတက်ကြွစေတဲ့ စွမ်းဆောင်ရည်က ရာသီတစ်လျှောက်လုံးကလပ်အပေါ်မှာ ရှိနေတဲ့ အဆိုးမြင်မှုများကို သက်သာရာရစေမယ့် အရာတစ်ခုလည်းဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ချန်ပီယံရှစ်ရဲ့ထိပ်ဆုံးမှာရှိနေတဲ့ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ် #မူဒရစ်