ရှေ့သို့
Image

ပင်နယ်တီအဆုံးအဖြတ်မှာ ရော်နယ်ဒို တစ်ယောက်ပဲဝင်ခဲ့လို့ ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရတဲ့ အယ်လ်နာဆာ

9:30 AM, 12 March

စီရော်နယ်ဒိုရဲ့အယ်လ်နာဆာဟာ အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အယ်လ်အိန်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ရှုံးပြီး ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။

ပထမအကျော့မှာ ၁-၀ နဲ့ ရှုံးထားတဲ့အယ်နာဆာဟာ အိမ်ကွင်းက ဒုတိယအကျော့မှာလည်း ၂ ဂိုး အရင်ပေးခဲ့ရလို့ နှစ်ကျော့ပေါင်း ၃-၀ နဲ့ ရှုံးနေခဲ့တာပါ။ ဒါပေမဲ့ အယ်လ်နာဆာက ၃ ဂိုးပြန်သွင်းနိုင်ခဲ့လို့ သာမာန်ပွဲချိန်အတွင်း အဖြေမထွက်ဘဲ အချိန်ပိုအထိ ရောက်ခဲ့ရပါတယ်။ ဒါတောင် သာမန်ပွဲချိန်အတွင်းမှာ စီရော်နယ်ဒိုဟာ အပိုင်အခွင့်အရေး တစ်ကြိမ်ကို မယုံနိုင်ဖွယ် ဖြုန်းခဲ့သေးတာပါ။

အချိန်ပိုမိနစ် ၃၀ ကန်တော့ ပထမပိုင်းမှာ အယ်လ်နာဆာ တစ်ယောက်လျော့ခဲ့ရသလို အယ်အိန်းက ဦးဆောင်ဂိုးစသွင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲမပြီးခင် ၂ မိနစ်အလိုမှာ စီရော်နယ်ဒိုက ပင်နယ်တီကနေ အယ်လ်နာဆာအတွက် ပြန်ချေပပေးနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ယူခဲ့ရပါတယ်။

သာမန်ပွဲချိန်အတွင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အချိန်ပိုပြီးခါနီးမှာ စီရော်နယ်ဒိုဟာ ပင်နယ်တီဂိုးနဲ့ တစ်ယောက်လျော့ အယ်လ်နာဆာကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ပင်နယ်တီ အဆုံးအဖြတ်ကန်တော့ အယ်နာဆာဘက်က စီရော်နယ်ဒိုတစ်ယောက်သာ ဝင်ခဲ့ပြီး ၃-၁ နဲ့ရှုံးကာပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

#ရော်နယ်ဒို #ချန်ပီယံလိဂ် #အယ်လ်နာဆာ