ရှေ့သို့
Image

မော်ရိုကိုအသင်းထံ ပြောင်းရွှေ့ကစားတော့မယ့် ဘရာဟင်ဒီယက်ဇ်

11:36 AM, 11 March

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘရာဟင်ဒီယက်ဇ်တစ်ယောက် မော်ရိုကိုအသင်းထံ ပြောင်းရွှေ့ကစားတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အသက် ၂၄ နှစ်သားဟာ ဒီရာသီမှာ ရီးရဲလ်အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်နေပြီး အေစီမီလန်က အငှားနဲ့ပြန်လာပြီးနောက် ပြိုင်ပွဲစုံ ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ကစားသမားဘ၀ အစမကောင်းခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒီယက်ဇ်ရဲ့နိုင်ငံအသင်း ကစားသမားဘဝကလည်း မသေချာသေးပဲ စပိန်အသင်းကလည်း ပြန်လည် ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ သတင်းတွေက မော်ရိုကိုအသင်းထံ ပြောင်းရွှေ့ကစားဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အေအက်စ်သတင်းဌာနရဲ့အဆိုအရ ဒီယက်ဇ်ဟာ မော်ရိုကိုအသင်းက ကမ်းလှမ်းတဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ဲပီး မတ်လမှာ ပူးပေါင်းမယ်လို့ သိရပါတယ်။ မော်ရိုကို အသင်းဟာ လာမယ့်မတ်လအကုန်မှာ အန်ဂိုလာ ၊ မော်ရိုတာနီးယားတို့နဲ့ ခြေစမ်းပွဲ ၂ ပွဲကန်မှာဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ဒီယက်ဇ် #မော်ရိုကို