ရှေ့သို့
Image

ချဲလ်ဆီးကို ပြန်ဖို့ ချိတ်ဆက်နေချိန်မှာ အနာဂတ်နဲ့ ပတ်သက်ပြီး မော်ရင်ဟို အရိပ်အမြွက်ပြောကြား

8:36 AM, 11 March

ပေါ်တူဂီဂန္ထဝင်နည်းပြ မော်ရင်ဟိုတစ်ယောက် ရိုးမားကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းက မော်ရင်ဟိုက ဆော်ဒီမြေမှာတွေ့ရှိခဲ့ပြီး သူ့အနေနဲ့အသင်းတစ်သင်းကို အလျင်အမြန်နည်းပြချင်နေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ပေါ်တူဂီသားက “ကျွန်တော် မျှော်လင့်ပါတယ်။ အသင်း တစ်သင်းကို နည်းပြချင်ပါတယ်။ ရိုးမားက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၂ နှစ်အတွင်း ဥရောပဖလားဖိုင်နယ် ၂ ကြိမ် တက်ရောက်နိုင်ခဲ့တာကြောင့်ပါ။ အဲ့တာက အသင်းတစ်သင်းအတွက် ခက်ခဲပါတယ်။ ကျွန်တော်အဲ့တာကို ဘယ်တုန်းကမှမလုပ်နိုင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုတော့ မှန်ကန်တဲ့အခွင့်အရေးတစ်ရပ်ကို စောင့်ဆိုင်းနေပါတယ်။ ကျွန်တော် ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန်တောင် အလုပ်စချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်လည်း မချချင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၆၁ နှစ်သားဟာ Riyadh မှာ ဂျိုရှုအာနဲ့ ဖရန်စစ်တို့ လက်ဝှေ့ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရိုးမားနည်းပြဟောင်းဟာ  ပွဲကိုရောက်လာချိန်မှာ ပရိသတ်တွေရဲ့ကျယ်လောင်တဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီရာသီအစောပိုင်းတုန်းက မော်ရင်ဟိုကို ဆော်ဒီလိဂ်က ချိတ်ဆက်ခဲ့ပေမယ့် ပယ်ချခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပိုချက်တီနိုနေရာအတွက် မော်ရင်ဟိုကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

#ချဲလ်ဆီး #မော်ရင်ဟို #ပရီးမီးယားလိဂ်