ရှေ့သို့
Image

ဒီရာသီမှာ ရုန်းကန်နေရတဲ့ ရက်ရှ်ဖို့ဒ်အတွက် စာနာမှုသိပ်မရှိပါဘူးလို့ ရွန်းနီဆို

11:23 AM, 10 March

မားကပ်ရက်ရှ်ဖို့ဒ်ကသာ ယူနိုက်တက်ရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် သူ့ကိုကျော်ဖြတ်နိုင်တဲ့တစ်ဦးတည်းသောကစားသမားဖြစ်မယ်လို့ ယုံကြည်ကြောင်း ဝိန်းရွန်းနီက ပြောကြားခဲ့သော်လည်း ခက်ခဲသောရာသီမှာ တိုက်စစ်မှူးအတွက် စာနာမှုသိပ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲအရပ်ရပ်တွင် ကစားသမားဘဝအများဆုံးဖြစ်တဲ့ ဂိုး ၃၀ သွင်းယူထားသော်လည်း ယခုရာသီတွင် ယူနိုက်တက်အတွက် ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ စနေနေ့က အဲဗာတန်နှင့်ပွဲမှာ သူ့ရဲ့နောက်ဆုံးဂိုးကို သွင်းယူထားပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ Belfast နိုက်ကလပ်သို့ သွားရောက်ခဲ့ပြီး ဖျားနေတာကြောင့် လေ့ကျင့်ရေးသို့ မလာနိုင်ကြောင်းပြောခဲ့တာကြောင့် ဒဏ်ရိုက်ခြင်းခံခဲ့ရသလို ပြီးခဲ့တဲ့လက ယူနိုက်တက်ရဲ့ အက်ဖ်အေဖလား စတုတ္ထအကျော့ပွဲအဖြစ် နယူးပို့တ်ကောင်တီကို အနိုင်ရရှိခဲ့တဲ့ပွဲမှာပါ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ မီဒီယာတွေရဲ့ ကြမ်းတမ်းလွန်းတဲ့ ဆက်ဆံမှုကို ခံစားရတယ်လို့ နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်အပေါ် စာနာမှုရှိမရှိကို TNT Sports မှ မေးမြန်းခဲ့ရာ ရွန်းနီက "ရိုးရိုးသားသားပြောရရင် အများကြီးတော့ မရှိပါဘူး။ သူက ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ အခွင့်ထူးခံအနေအထားမှာ ရှိနေပါတယ်""သူက ကျွန်တော့်ရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီနိုင်မယ့်သူဖြစ်ဆိုတာ ကျွန်တော် အရင်က ပြောဖူးပါတယ်။  ကျွန်တော် တကယ်ယုံကြည်တဲ့ ကစားသမားပါ။ ပြီးတော့ သူက မန်ချက်စတာလူငယ်တစ်ယောက်ဖြစ်လို့ ကျွန်တော် မျှော်လင့်မိတာပါ။ ဒါပေမယ့် သူက လိုက်လျောညီထွေ ရှိဖို့ လိုပါတယ်"

"အကောင်းဆုံးရာသီတွေမဟုတ်ပေမယ့် ပုံစံကောင်းနဲ့ လိုက်လျောညီထွေရှိမှုကို ရှာဖွေပြီး ဒီအသင်းရဲ့ ခေါင်းဆောင်ကောင်းဖြစ်လာဖို့ လိုအပ်ပါတယ်" လို့ ပြောပါတယ်။ရွန်းနီဟာ ယူနိုက်တက်တွင် ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ကာလအတွင်း ၅၅၉ ပွဲတွင် ၂၅၃ ဂိုး သွင်းယူခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ အဆိုပါဂိုးရဲ့တစ်ဝက်လောက်သာ သွင်းယူနိုင်သေးတာဖြစ်ပါတယ်။

"မားကပ်စ်က ဒီလိုကစားသမားမျိုးလို့ ကျွန်တော်မထင်ပါဘူး။ သူက ခေါင်းဆောင်တစ်ယောက်လို့ မထင်မိသလို တစ်ခါတရံမှာ သူ့ရဲ့ ခန္ဓာကိုယ်ပုံစံက အကောင်းဆုံးဖြစ်ပုံမပေါ်ပါဘူး""ကျွန်တော့်အတွက်ကတော့ ကက်စ်မဲရိုး၊ ဗာရာနီနဲ့ ဖာနန်ဒက်စ်တို့ကို အသင်းခေါင်းဆောင်အဖြစ် မြင်ပါတယ်။ သူတို့က မားကပ်စ်က ကျော်တက်သင့်တဲ့ ကစားသမားတွေပါပဲ၊ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေမှာ အသင်းဖော်တွေထက် ပိုကောင်းအောင်လုပ်ဖို့လိုပါတယ်" လို့ ရွန်းနီက ပြောပါတယ်။


#မန်ချက်စတာယူနိုက်တက် #ရွန်းနီ #ရက်ရှ်ဖို့ဒ်