ရှေ့သို့
Image

ချဲလ်ဆီးပြန်ဖို့ထက် ရိုးမားအသင်းမှာပဲ ဆက်နေချင်နေတဲ့ လူကာကူ

9:37 AM, 10 March

ချဲလ်ဆီးအသင်းကနေ အငှားလာကစားနေတဲ့ တိုက်စစ်မှူး လူကာကူကတော့ နွေရာသီမှာ လန်ဒန်ကိုပြန်ဖို့ထက် ရိုးမားအသင်းမှာဆက်နေချင်တယ်လို့ သိရပါတယ်။အသက် ၃၀ အရွယ်ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးထံကနေ တစ်ရာသီအငှားနဲ့ ရိုးမားအသင်းထံလာကစားနေတာဖြစ်ပါတယ်။

အင်တာကိုပြန်ဖို့ ကနဦးချိတ်ဆက်ခဲ့ပေမယ့် ဂျူဗင်တပ်စ်နဲ့ဆွေးနွေးခဲ့တာကြောင့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ ရိုးမားအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ၃၅ ပွဲမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။မကြာသေးခင်တုန်းကလည်း အင်္ဂလန်ကိုမပြန်ချင်ပဲ ရိုးမားအသင်းမှာပဲဆက်နေချင်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ဒယ်လိုစပေါ့တ်ကလည်း လူကာကူဟာ ဒီရော့ဆီလက်အောက်မှာ ပျော်ရွှင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ရာသီအကုန်မှာ ချဲလ်ဆီးပြန်ရဖွယ်ရှိနေပြီး ၂ သင်းကြားသဘောတူညီမှုရရှိဖို့ လိုအပ်နေပါတယ်။ရိုးမားအသင်းအနေနဲ့ လူကာကူကိုခေါ်ယူနိုင်ဖို့ ယူရို ၃၇ သန်းလောက်ကုန်ကျဖွယ်ရှိနေကာ ပိုင်ရှင်တွေဘက်ကတော့ အသင်းရဲ့ဘဏ္ဍာရေးပိုင်းဆိုင်ရာကို လျော့ချချင်နေပါတယ်။


#ရိုးမား #လူကာကူ #ချဲလ်ဆီး