ရှေ့သို့
Image

သူနဲ့ မာတီနက်ဇ်က မန်ချက်စတာဒါဘီပွဲလူစာရင်းမှာ ဘာကြောင့်ပါဝင်ခဲ့ရသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဟွိုက်လန်း

1:54 PM, 9 March

ဒဏ်ရာရရှိနေတဲ့ ကစားသမား ၂ ဦးဟာ မန်စီးတီးအား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွင် တန်ဟက်ရဲ့ကျန်ကစားသမားတွေနဲ့အတူ ရှိခဲ့ကြတာဖြစ်ပါတယ်။

ဟွိုက်လန်းနှင့် မာတီနက်ဇ်တို့ဟာ သက်ဆိုင်ရာဒဏ်ရာအသီးသီးကို ကုသနေရတာဖြစ်သော်လည်း မကြာခင်မှာ ပြန်လည် သက်သာလာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။ မကစားနိုင်သူတစ်ဦးအတွက် အဝေးကွင်းပွဲတွေမှာ ပါဝင်လာတာက ပုံမှန်မဟုတ်သော်လည်း ဒိန်းမတ်နိုင်ငံသားကတော့ ပထမအသင်းသားတွေနဲ့အတူ ဒါဘီပွဲစဉ်ကိုတက်ရောက်ကြည့်ရှုခဲ့ပါတယ်။

"ဒါဟာ အရေးပါတဲ့ပွဲဆိုတာက ဟုတ်ပါတယ်" လို့ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆု အတွက် အင်တာဗျူးမှာ ဟွိုက်လန်းက ပြောပါတယ်။ "ပုံမှန်အားဖြင်ဆိုရင် ကျွန်တော်တို့က အဝေးကွင်းပွဲတွေဆိုရင် မလိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော် နားနေရတဲ့အချိန်မှာ အသင်းဖော်တွေကို လိုက်လံအားပေးသင့်တယ်လို့ထင်တာကြောင့် လိုက်လာတာဖြစ်ပါတယ်" "ဒဏ်ရာ ရရှိနေတာကြောင့် မကစားရတဲ့အချိန် ဘေးမှာပဲရှိနေမှာပါ။ အဝတ်လဲခန်းအတွင်းသို့ ဝင်ရောက်လိုက်တဲ့အချိန် ဥမျှင်ရဲ့အဆုံးမှာ ဒီလိုအလင်းရောင်မျိုးရှိနေတာကြောင့် ခံစားမှုကောင်းတွေရရှိစေပါတယ်" "မူလရည်ရွယ်ချက်က အသင်းဖော်တွေကို အားပေးဖို့ပါ။ ကျွန်တော်တို့ရဲ့ ဒဏ်ရာကနေ သက်သာမှုကလည်း ကောင်းနေပါပြီ။ ဒါဟာ ကျွန်တော်တို့အတွက် ခွန်အားဖြစ်စေပါတယ်"လို့ ဟွိုက်လန်းက ပြောပါတယ်။

နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲစလုံးမှာ ဂိုးသွင်းယူခဲ့တဲ့ ဟွိုက်လန်းဟာ ကြွက်သားဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ အရေးပါတဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ အသက်  ၂၁ နှစ်အရွယ် ကစားသမားရဲ့ ပြန်ကစားနိုင်မယ့်ရက်ကို မသိရသေးသော်လည်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒဏ်ရာအကြောင်းကို မေးမြန်းတဲ့အခါ "ကျွန်တော်ဟာ အတက်နိုင်ဆုံး အမြန်ပြန်ကောင်းလာအောင် ကြိုးစားမှာပါ။ ကျွန်တော် ပြန်ကစားနိုင်မယ့်ရက်ကို မပြောလိုသေးပါဘူး။ ဒါပေမယ့် အရမ်းကြီးတော့ မကြာတော့ပါဘူး"လို့ ဖြေပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်စီးတီး #မာတီနက်ဇ် #ပရီးမီးယားလိဂ် #ဟွိုက်လန်း