ရှေ့သို့
Image

တန်ဟက်က ရက်ရှ်ဖို့ဒ်အတွက် အကူအညီမဖြစ်ခဲ့ပါဘူးလိုက်တဲ့ မန်စီးတီး ကစားသမားဟောင်း

1:17 PM, 9 March

ယူနိုက်တက်မှာ အကောင်းဆုံးပုံစံရရှိဖို့ ရက်ရှ်ဖို့အတွက် တန်ဟက်ဟာ အကူအညီမဖြစ်ခဲ့ပါဘူးလို့ မန်စီးတီး ကစားသမားဟောင်း လက်စကော့က ပြောကြားလိုက်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကလို ဂိုး ၃၀ သွင်းယူပြီး ကာရာဘောင်ဖလားနှင့် အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာရပ်တည်နိုင်ခဲ့သလိုမျိုး အမြင့်ဆုံးစွမ်းဆောင်ရည် ပြသထားနိုင်ခြင်းမရှိပါဘူး။ လက်ရှိရာသီမှာတော့ ရက်ရှ်ဖိုဒ်ဟာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရပြီး ၆ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

အင်္ဂလန်နှင့် မန်စီးတီးတို့ရဲ့ နောက်တန်းကစားသမားဟောင်းက TNT Sports သို့ "ယုံကြည်မှု အမြဲရှိနေဖို့ဆိုတာက ခက်ခဲပါတယ်။ အချိန်တိုင်း ခြေစွမ်းတည်ငြိမ်နေလို့လည်း လိုပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ယုံကြည်မှုဆိုတာ နောက်ကွယ်ကနေလုပ်ဆောင်တဲ့အရာတွေကနေ အမြဲတမ်းဖြစ်လာတာပါ။ ဒါဘီမှာ သွင်းယူတဲ့ သွင်းဂိုးတွေကနေပေါ့" "သန်မာပြီး အဆုံးအဖြတ်ဖြစ်တဲ့ ကစားသမားတစ်ဦးဖြစ်နိုင်ပြီး ပရီးမီးယားလိဂ်ရဲ့သမိုင်းမှာ အကောင်းဆုံးနောက်တန်းကစားသမားနဲ့ သူက ယှဉ်ပြီးကစားခဲ့တာကြောင့် နည်းပြက အဲ့ဒီနေပြီး သူ့ကိုလုပ်ဆောင်နိုင်ရမှာဖြစ်သော်လည်း ဒီနေ့အချိန်မှာ ယုံကြည်မှုအဆင့်အတန်းကြောင့် ဝေါ်ကာရဲ့ သန်မာမှုလိုမျိုး ရနိုင်မှာမဟုတ်ပါဘူး"

"သူ့အကြောင်းရှင်းပြဖို့အတွက် ကျွန်တော်က ညာတောင်ပံကစားသမား ဒါမှမဟုတ် အထောင်တိုက်စစ်မှူးတစ်ဦးလို ကစားနိုင်ဖို့လိုပါတယ်။ ပွဲရဲ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်နိုင်သလို ဘယ်တောင်ပံမှာသန်တဲ့သူ တစ်ဦးဖြစ်သော်လည်း အဲ့ဒီမှာ ခြေစွမ်းမပြနိုင်တာလည်းဖြစ်နိုင်ပါတယ်။ မန်စီးတီးရဲ့ ကစားပုံနဲ့ ဂိုးတွေရရှိခဲ့ပုံတွေကြောင့် တိုက်စစ်မှူးတစ်ဦးကဲ့သို့ ကစားရမယ်ဆိုရင်တောင် အကောင်းဆုံးဖြစ်နိုင်ပါတယ်" "ရက်ရှ်ဖို့ဒ်ဆီကနေ အကောင်းဆုံးရရှိဖို့ အခြားနည်းလမ်းတွေရှိပါသေးတယ်။ အခုတော့ နည်းပြက သူ့အတွက် အကူအညီမဖြစ်စေပါဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူ့အတွက် တာဝန်ယူမှုဆိုတာရှိရမှာဖြစ်ပြီး သူကလည်းလုပ်ဆောင်ရမှာဖြစ်ကာ အဲ့ဒီလိုလုပ်နေတယ်လို့လည်းထင်ပါတယ်။ သူဟာ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်နေသေးတယ်လို့ ကျွန်တော်တော့ ယုံကြည်မိပါတယ်" လို့ ပြောပါတယ်။

အဲ့ဒီအင်တာဗျူးမှာပဲ ရက်ရှ်ဖို့ဒ်တစ်ဦးတည်းသာ မြို့ခံပြိုင်ဘက်အသင်းမှာ ကစားနိုင်တဲ့ သူဖြစ်ပါတယ်လို့ လက်စကော့က ပြောထားပါတယ်။  "သူတစ်ဦးတည်းသာ မန်စီးတီးအတွက် ကစားနိုင်မယ့်သူလို့ ကျွန်တော်ထင်ပါတယ်" "ဂွါဒီယိုလာထံမှာသာ ရက်ရှ်ဖို့ဒ် ရှိခဲ့မယ်ဆိုရင် သူဟာ သေချာပေါက် အကောင်းဆုံးကစားသမားဖြစ်လာမှာပါ။ အဲ့ဒီအတွက်တော့ တန်ဟက်ကို ကျွန်တော်အပြစ်ပြောချင်ပါတယ်။ ရက်ရှ်ဖို့ဒ် သက်တောင့်သက်သာဖြစ်စေလို့ လုပ်ပေးရမှာလည်းဖြစ်ပါတယ်။ ပြိုင်ဘက်ရဲ့ဂိုးပေါက်မှာ ဘယ်နှစ်ကြိမ်ပဲ တစ်ဦးချင်းတွေ့သည်ဖြစ်စေ ဒိုကူအတွက် တစ်ဦးချင်း ဘယ်နှစ်ကြိမ်လောက်တွေ့သည်ဖြစ်စေ အသင်းရဲ့ကစားပုံက သူ့ရဲ့နေရာကို အဆင်ပြေအောင် လုပ်ထားပေးပါတယ်" "ရက်ရှ်ဖို့ဒ်ဟာ ဘောလုံး ၉ကြိမ်လောက်ရရှိပြီး နောက်တန်းကို ဖြတ်ကျော်နိုင်မယ်ဆိုရင် ယုံကြည်မှုပိုရလာမှာပါ။ အတွင်းသို့ချိုးဝင်ဖို့နဲ့ နောက်သို့ပြန်ပေးဖို့အတွက် သူက စိုးရိမ်စရာမလိုတော့ပါဘူး" လို့ လက်စကော့က ထပ်ပြောပါတယ်။

လက်ရှိအချိန်မှာ သူက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားမှာတော့မဟုတ်ပါဘူး။ သို့သော်လည်း ပိုင်ရှင်သစ်ရဲ့လက်အောက်မှာ တန်ဟက်သာ ထုတ်ပယ်ခံရမယ်ဆိုရင် သူက ကောင်းလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စနေနေ့ အဲဗာတန်နှင့် ပွဲမှာ ရက်ရှ်ဖို့ဒ်က ပွဲထွက် ကစားသမားတစ်ဦးအဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ်