ရှေ့သို့
Image

လာလီဂါပွဲစဉ် (၂၈) ကာဒီဇ်-အက်သလက်တီကိုမက်ဒရစ် ပွဲကြိုခန့်မှန်းချက် (ည ၉:၄၅)

9:25 AM, 9 March

ကာဒီဇ်-အက်သလက်တီကိုမက်ဒရစ်  ဒဏ်ရာရပွဲပယ်
-------------
ကာဒီဇ် - ရိုဂျာမာတီ၊ လူးဝစ်ဟာနန်ဒက်ဇ်၊ ဆမ်အီမီတာရီယို၊ ဖာလီ၊ ဇယ်လ်ဒူအာ(သေချာပေါက်လွဲ)
အက်သလက်တီကို - ဗီတိုလို၊ လီမာ၊ ပေါ်လို၊ အက်ဇ်ပီလီကွီတာ၊ ဂျီမင်နက်ဇ်၊ ဂရစ်ဇ်မန်း(သေချာပေါက်လွဲ)

ပထမအကျော့၊ အေတီကိုကွင်းမှာ ကာဒီဇ်အတွက် သွင်းဂိုးရယူပေးခဲ့တဲ့ ရိုဂျာမာတီကတော့ ဆိုးရွားလှတဲ့ခြေကျင်းဝတ်ဒဏ်ရာကြောင့် အခုပွဲစဉ်ကို လွဲချော်သွားပါမယ်။ ကာဒီဇ်အတွက် တန်းဆင်းဇုန်လွတ်မြောက်ဖို့ ရမှတ်လိုအပ်ချက်တွေရှိနေပြီး နောက်ဆုံး ၁၆ ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ အိမ်ရှင်တို့ အသည်းအသန်ရုန်းကန်ရဖို့ ရှိနေပါတယ်။

အေတီကိုကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဘက်တစ်ကို အနိုင်ကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနီးကပ်ဖိအားပေးနေတဲ့ ဘီလ်ဘာအိုကို ငါးမှတ်ဖြတ်လိုက်ပါတယ်။ အခုပွဲစဉ်အပြီးမှာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲကြပ်ယှဉ်ပြိုင်ကစားရဖို့ရှိနေလို့ အေတီကိုတို့ တိုက်စစ်ဖွင့်ကစားမလား မေးခွန်းထုတ်စရာပါ။ ဖွင့်လှစ်မှုအရ အေတီကိုအတွက် တစ်လုံးအသာနဲ့နိုင်ရင် ကြေးထက်ဝက်အောင်ဖို့ ရှိနေလို့ ဘွတ်ကီစိတ်ကြိုက်ဖြစ်ဖွယ်ရှိတဲ့ ဧည့်သည်တွေကို ယုံစားကြည့်ချင်တယ်။
 
ကာဒီဇ် - အက်သလက်တီကို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
------------------------------------------------------------------
အက်သလက်တီကို ၃ - ၂ ကာဒီဇ် (၂-အောက်တိုဘာ-၂၀၂၃)
အက်သလက်တီကို ၅ - ၁ ကာဒီဇ် (၄-မေ-၂၀၂၃)
ကာဒီဇ် ၃ - ၂ အက်သလက်တီကို (၂၉-အောက်တိုဘာ-၂၀၂၂)
ကာဒီဇ် ၁ - ၄ အက်သလက်တီကို (၅-သြဂုတ်-၂၀၂၂)
အက်သလက်တီကို ၂ - ၁ ကာဒီဇ် (၁၂-မတ်-၂၀၂၂)
.
ကာဒီဇ် နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
ဗယ်လီကာနို ၁ - ၁ ကာဒီဇ် (၂-မတ်-၂၀၂၄)
ကာဒီဇ် ၂ - ၂ ဆယ်လ်တာဗီဂို (၂၅-ဖေဖော်ဝါရီ-၂၀၂၄)
အိုဆာဆူနာ ၂ - ၀ ကာဒီဇ် (၁၇-ဖေဖော်ဝါရီ-၂၀၂၄)
ကာဒီဇ် ၀ - ၂ ဘက်တစ် (၁၀-ဖေဖော်ဝါရီ-၂၀၂၄)
ဗီလာရီးရဲလ် ၀ - ၀ ကာဒီဇ် (၄-ဖေဖော်ဝါရီ-၂၀၂၄)
.
အက်သလက်တီကို နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------------
အက်သလက်တီကို ၂ - ၁ ဘက်တစ် (၃-မတ်-၂၀၂၄)
ဘီလ်ဘာအို ၃ - ၀ အက်သလက်တီကို (၁-မတ်-၂၀၂၄)
အယ်လ်မီရီယာ ၂ - ၂ အက်သလက်တီကို (၂၅-ဖေဖော်ဝါရီ-၂၀၂၄)
အင်တာမီလန် ၁ - ၀ အက်သလက်တီကို (၂၁-ဖေဖော်ဝါရီ-၂၀၂၄)
အက်သလက်တီကို ၅ - ၀ လက်စ်ပါးမား (၁၇-ဖေဖော်ဝါရီ-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #အက်သလက်တီကို #ကာဒီဇ်