ရှေ့သို့
Image

ရော်နယ်ဒို ပြန်လာပြီးနောက် အသင်းရဲ့ကစားပုံ ပျက်ဆီးခဲ့ရတဲ့အပေါ် ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

1:58 PM, 7 March

ယူနိုက်တက်သို့ ပြန်လာခဲ့ပြီးနောက် အလုပ်မဖြစ်ခဲ့ဘဲ ရော်နယ်ဒိုရဲ့ ရုန်းကန်ခဲ့ရမှုကို နည်းပြဟောင်း ဆိုးလ်ရှားက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ကနေ အိုးထရက်ဖို့ဒ်သို့ အံ့ဩဖွယ် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ အသင်းဖော်ဟောင်းတွေရဲ့ နွေးထွေးစွာကြိုဆိုခြင်းခံခဲ့ရသော်လည်း စိတ်ပျက်ဖွယ်ရာဖြင့် အသင်းပြောင်းသွားခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးရာသီတွင် ဝါရင့်တိုက်စစ်မှူးကြီးဟာ ယူနိုက်တက်ရဲ့ သွင်းဂိုး အများဆုံး ကစားသမားဖြစ်ခဲ့ပြီး နည်းပြ တန်ဟက်ရဲ့လက်အောက်မှဦတော့ ပေါ်တူဂီနိုင်ငံသားဟာ ပွဲထွက်ခွင့်လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။

လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့ခြင်းအပါအဝင် ပွဲအတွင်း သဘောထားကွဲလွဲမှုများကြောင့် ရော်နယ်ဒိုဟာ ဝေဖန်ခြင်းခံခဲ့ရပြီး ပီးရက်စ်မော်ဂန်နှင့် အင်တာဗျူးမှာ တန်ဟက်ဟာ သူ့အပေါ် လေးစားခြင်းမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ပထမဆုံးရာသီမှာ အပြုသဘောဆောင်တဲ့ ရလဒ်များ ရရှိခဲ့သော်လည်း နည်းပြဟောင်း ဆိုးလ်ရှားက အသင်းရဲ့ကစားပုံပျက်ဆီးခဲ့ရတဲ့အပေါ် ပြောကြားလိုက်ပါတယ်။

Stick to Football podcast နှင့်အင်တာဗျူးမှာ ဆိုးလ်ရှားက "ကျွန်တော်တို့က ဘယ်လိုမျိုး ဖိအားပေးကစားမလဲ ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ချက်ခြင်းပဲစဉ်းစားရပါတယ် "ရော်နယ်ဒို ရှေ့တန်းမှာရှိတာက မာရှယ်နဲ့ မတူပါဘူး။ ဒါမှမဟုတ် ဂရင်းဝုဒ်တို့ ရက်ရှ်ဖို့ဒ်တို့ကို ရှေ့တန်းမှာ ထားကစားတာနဲ့လည်း မတူပါဘူး" "ရော်နယ်ဒို ရောက်လာတဲ့အတွက် အဓိက ထိခိုက်ခဲ့ရသူကတော့ ကာဗာနီပါ။ ကစားချိန်ကြာနေတဲ့အတွက် ကာဗာနီက ကျွန်တော်တို့ရဲ့ ကစားပုံကို အတိုင်းအတာတစ်ခုအထိ နားလည်နေပြီဖြစ်ပါတယ်" "ဘောလုံးရရှိခဲ့တဲ့ အချိန်မှာဆိုရင် ပြဿနာမရှိပါဘူး။ သူ့ကို ဖိအားပေးမကစားဘူးဆိုရင် ကျွန်တော်တို့က သုံးနေကျပုံစံမဟုတ်ဘဲ နောက်ထပ်တစ်မျိုးပြောင်းရပါတယ်"

"ရော်နယ်ဒို မရောက်ခင်မှာ ကျွန်တော်တို့ဟာ ဖိအားပေးပြီးကစားတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒယ်နီရယ်ဂျိမ်းစ်ကို ထွက်ခွာခွင့်ပေးခဲ့ပြီး ရော်နယ်ဒို ရောက်လာတဲ့အခါ သူတို့တွေက မတူညီတဲ့ ကစားသမားတွေပါ" ရော်နယ်ဒိုရဲ့ စိတ်အားထက်သနမှုက ယူနိုက်တက်ရဲ့နောက်ဆုံး ဖြစ်တည်မှုပါပဲ ဒါပေမဲ့ ကစားသမားရဲ့အရည်အချင်းကြောင့် တစ်ခါတစ်ရဲမှာ အဟန့်အတားဖြစ်စေပါတယ်။ "ရော်နယ်ဒိုကိုခေါ်ယူတဲ့ တစ်စိတ်တစ်ပိုင်းကနေ သူ့ဆီက ဒီလိုစိတ်အားထက်သန်မှုများ ရရှိခဲ့သော်လည်း ရှုပ်ထွေးမှုတွေရှိနေပါတယ်" "ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နှင့် မာရှယ်တို့ရှိနေပြီး သူတို့တွေက ရော်နယ်ဒိုထံကနေ အကောင်းဆုံးသင်ယူနိုင်ပါတယ်။ သူဟာ စည်းကမ်းအရှိဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလည်းဖြစ်ပါတယ် သူက လူငယ်တွေကို ကူညီနေတယ်လို့ ထင်မိမှာပါ" "သူကလပ်သို့ရောက်တဲ့အချိန်၊ ၃ ပွဲဆက်ကစားချင်ပြီး ၄ ပွဲမြောက်မှသာ အရန်ခုံမှထားပါလို့ ကျွန်တော့်ကိုပြောခဲ့ပြီး ကျွန်တော်ကအဲ့ဒီလိုလုပ်ခဲ့သော်လည်း သူက အရမ်းကိုစိတ်အားထက်သန်နေတာကြောင့် မကြိုက်ခဲ့ပါဘူး" လို့ ပြောပါတယ်။

ရော်နယ်ဒိုပြန်ရောက်ပြီး လအနည်းငယ်အကြာ ရလဒ်များဆိုးရွားခဲ့တာကြောင့် ၂၀၂၁ ခုနှစ် နို၀င်ဘာတွင် နည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှားက ပေါ်တူဂီနိုင်ငံသားရဲ့ အပြောင်းအရွှေ့က နောက်ဆုံးတွင် အလုပ်မဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

"ဒါက အရမ်းကို မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ရော်နယ်ဒိုပြောင်းလာမယ်ဆို့ ကျွန်တော်တို့က မထင်ခဲ့တာပါ။ သူ ဂျူဗင်တပ်စ်ကနေ ထွက်တဲ့အချိန်မှာ အခြာသောကလပ်တွေကလည်း သူ့ကို ခေါ်ယူလိုနေတာကြောင့် ကျွန်တော်တို့က စိတ်လှုပ်ရှားမိပါတယ်" "သူ့ကိုခေါ်ယူပြီး စမ်းကြည့်ချင်လားလို့ ယူနိုက်တက်က ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်ကလည်း စမ်းမယ်လို့ ဖြေခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော်တို့အားလုံးသိကြပြီး အသက်က ၃၇ နှစ် ရှိနေပြီ ဖြစ်သော်လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုးသွင်းသူလည်းဖြစ်နေပါတယ်" "ကျွန်တော်တို့အတွက်ရော သူ့အတွက်ပါ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်" လို့ ဆိုးလ်ရှားက ပြောပါတယ်။

၂၀၂၂ ခုနှစ်အကုန်တွင် ယူနိုက်တက်မှ ထွက်ခွာဖို့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀၀၀ ရရှိနေတဲ့ ကလပ်ကနေ ဆော်ဒီကလပ်သို့ များပြားတဲ့လစာဖြင့် ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရကစားသမားက ပြောင်းရွှေ့သွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် ကလပ်နှင့် နိုင်ငံအသင်းအတွက် ၈၉၅ ဂိုး သွင်းယူပြီးနောက် အကြီးကျယ်ဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ့ရဲ့အယ်လ်နာဆာနှင့်ဒုတိယရာသီတွင် တစ်နှစ်လျှင် ပေါင် ၁၇၅ သန်း အထိရရှိနေတာဖြစ်ပါတယ်။


"မက်ဆီ၊ မက်ဆီ" လို့ ကြွေးကြော်အော်ဟစ်ခဲ့တဲ့ အယ်လ်ရှာဘတ်ပရိသတ်တွေ အပေါ် ညစ်ညမ်းတဲ့အမူအရာ ပြုလုပ်ခဲ့တာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အသက် ၃၉ နှစ်အရွယ် ကစားသမားဟာ အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ယူနိုက်တက်နဲ့ ရော်နယ်ဒိုတို့ရဲ့ ဆက်ဆံရေးဟာ နောက်ဆုံးအထိ ပျက်ဆီးသွားခဲ့ရပေမယ့် ဆိုးလ်ရှားကတော့ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုများစွာရှိနေဆဲဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားနဲ့ ရော်နယ်ဒိုတို့ဟာ ယူနိုက်တက်မှာ ၄ ရာသီကြာ အတူလက်တွဲကစားခဲ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

"ကျွန်တော် ယူနိုက်တက် နည်းပြဖြစ်တုန်းက ရော်နယ်ဒိုရဲ့ ပြဿနာတော်တော်များများကို မမှတ်မိတော့ပါဘူး။ အဲဗာတန်နှင့်ပွဲမှာ ကျွန်တော် သူ့ကို လူစားလဲပြီးနောက် ဥမျှင်ထဲသို့ တိုက်ရိုက်ဝင်သွားခဲ့ပြီးနောက်မှာတော့ သူနဲ့ ပြဿနာတွေ ပိုရှိခဲ့ပါတယ်" "ကျွန်တော်နဲ့ ရော်နယ်ဒိုကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး လေးစားမှုများစွာရှိပါတယ်။ ကျွန်တော်အဲ့ဒီမှာရှိတုန်းက သူစိတ်ပျက်နေသော်လည်း ကောင်းကောင်းဆက်ဆံခဲ့တယ်လို့ ထင်ပါတယ်" လို့ ဆိုးလ်ရှားက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ရော်နယ်ဒို #ပရီးမီးယားလိဂ်