ရှေ့သို့
Image

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကြောင့် ထိခိုက်ခဲ့ရတဲ့ ယူနိုက်တက်ကစားသမားရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

1:13 PM, 7 March

၂၀၂၁ ခုနှစ်နွေရာသီမှာ ရော်နယ်ဒိုကို ခေါ်ယူလိုက်ခြင်းဟာ ယူနိုက်တက်ရဲ့ ကစားသမားဟန်ကို ပျက်ယွင်းသွားစေခဲ့ပါတယ်လို့ ဆိုးလ်ရှားက ဝန်ခံပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၃နှစ်က ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်သို့ ပြန်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ဆော်ဒီသို့ မပြောင်းရွှေ့မီ ယူနိုက်တက်မှာ ၁၈ လ ကြာ ကစားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီနိုင်ငံသားဟာ ကောင်းမွန်စွာစတင်နိုင်ခဲ့ပြီး နယူးကာဆယ်နှင့်ကစားခဲ့တဲ့ ပထမဆုံးပွဲဦးထွက်တွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ကာ နောက်တစ်ပတ် ဝက်စ်ဟမ်အား ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သို့သော်လည်း သိမ်ကြာမခင်မှာ သဘောထားမတိုက်ဆိုင်မှုများကြောင့် ခြိမ်းခြောက်မှုများ ရှိခဲ့ပြီး အဲ့ဒါကပဲ ရော်နယ်ဒိုနှင့် ဆိုးလ်ရှားတို့ရဲ့ ဆက်ဆံရေးကို ပျက်ဆီးစေခဲ့ပါတယ်။ ပထမဆုံးဥပမာကတော့ ၂၀၂၁ခုနှစ် အောက်တိုဘာလ အဲဗာတန်နှင့် ၁-၁ ဂိုး သရေကျပြီးနောက် ပွဲသိမ်းခရာမှုတ်ချိန်မှာ အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးက ဒေါသထွက်စွာဖြင့် ဥမျှင်ထဲသို့ ဝင်ရောက်သွားခဲ့ပါတယ်။

အသင်းမှာရှိခဲ့တဲ့ နောက်ဆုံးအချိန်များတွင် အရန်ကစားသမားအဖြစ်သာရှိခဲ့ကြောင့် သူအနေနဲ့ အသင်းကနေ ထွက်ခွာခြင်းဟာ ကလပ်နှင့် သူကိုယ်တိုင်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ တိုက်စစ်မှူးကို ခေါ်ယူခဲ့တဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဆိုးလ်ရှားက ပြောကြားထားပါတယ်။ "ဒါက အရမ်းကို မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ရော်နယ်ဒိုပြောင်းလာမယ်ဆို့ ကျွန်တော်တို့က မထင်ခဲ့တာပါ။ သူ ဂျူဗင်တပ်စ်ကနေ ထွက်တဲ့အချိန်မှာ အခြာသောကလပ်တွေကလည်း သူ့ကိုခေါ်ယူလိုနေတာကြောင့် ကျွန်တော်တို့က စိတ်လှုပ်ရှားမိပါတယ်" "သူ့ကိုခေါ်ယူပြီး စမ်းကြည့်ချင်လားလို့ ယူနိုက်တက်က ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်ကလည်း စမ်းမယ်လို့ ဖြေခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်တို့အားလုံးသိကြပြီး အသက်က ၃၇ နှစ် ရှိနေပြီဖြစ်သော်လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဂိုးသွင်းသူလည်းဖြစ်နေပါတယ်" "ကျွန်တော်တို့အတွက်ရော သူ့အတွက်ပါ အလုပ်မဖြစ်ခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်" လို့ ဆိုးလ်ရှားက ပြောပါတယ်။

သူရောက်ရှိလာပြီး ကစားပုံထိခိုက်ခဲ့ရတဲ့အပေါ် ဆိုးလ်ရှားက "ကျွန်တော်တို့က ဘယ်လိုမျိုး ဖိအားပေးကစားမလဲ ပြောင်းလဲမှုတွေလုပ်ဖို့အတွက် ချက်ခြင်းပဲစဉ်းစားရပါတယ်" "ရော်နယ်ဒို ရှေ့တန်းမှာ ရှိတာက မာရှယ်နဲ့မတူပါဘူး။ ဒါမှမဟုတ် ဂရင်းဝုဒ်တို့ ရက်ရှ်ဖို့ဒ်တို့ကို ရှေ့တန်းမှာ ထားကစားတာနဲ့လည်း မတူပါဘူး" "ရော်နယ်ဒို ရောက်လာတဲ့အတွက် အဓိက ထိခိုက်ခဲ့ရသူကတော့ ကာဗာနီပါ။ ကစားချိန်ကြာနေတဲ့အတွက် ကာဗာနီက ကျွန်တော်တို့ရဲ့ ကစားပုံကို အတိုင်းအတာတစ်ခုအထိ နားလည်နေပြီဖြစ်ပါတယ်" "ရော်နယ်ဒိုက ၄ ပွဲမှာ ၃ ပွဲလောက်အထိ ကစားချင်သူပါ။ သူက အသက်ကြီးလာပြီဆိုတာကိုလည်း နားလည်ရမှာပါ။ သူကို တစ်ပွဲလောက် ထားခဲ့လိုက်မယ်ဆိုရင် သူမပျော်ရွင်တော့ပါဘူး"

"ဘောလုံးရရှိခဲ့တဲ့အချိန်မှာဆိုရင် ပြဿနာမရှိပါဘူး။ သူ့ကို ဖိအားပေးမကစားဘူးဆိုရင် ကျွန်တော်တို့က သုံးနေကျပုံစံမဟုတ်ဘဲ နောက်ထပ်တစ်မျိုးပြောင်းရပါတယ်" "ရော်နယ်ဒို မရောက်ခင်မှာ ကျွန်တော်တို့ဟာ ဖိအားပေးပြီးကစားတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဒယ်နီရယ်ဂျိမ်းစ်ကို ထွက်ခွာခွင့်ပေးခဲ့ပြီး ရော်နယ်ဒိုရောက်လာတဲ့အခါ သူတို့တွေက မတူညီတဲ့ ကစားသမားတွေပါ။ ဒါဟာ ကျွန်တော်တို့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လားဆိုတော့ မဟုတ်ပါဘူး" "ရော်နယ်ဒိုကို ခေါ်ယူတဲ့ တစ်စိတ်တစ်ပိုင်းကနေ သူ့ဆီက ဒီလိုစိတ်အားထက်သန်မှုများ ရရှိခဲ့သော်လည်း ရှုပ်ထွေးမှုတွေရှနေပါတယ်"

"ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နှင့် မာရှယ်တို့ရှိနေပြီး သူတို့တွေက ရော်နယ်ဒိုထံကနေ အကောင်းဆုံး သင်ယူနိုင်ပါတယ်။ သူဟာ စည်းကမ်းအရှိဆုံးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားလည်းဖြစ်ပါတယ် သူက လူငယ်တွေကို ကူညီနေတယ်လို့ ထင်မိမှာပါ" "သူကလပ်သို့ရောက်တဲ့အချိန်၊ ၃ ပွဲဆက်ကစားချင်ပြီး ၄ ပွဲမြောက်မှသာ အရန်ခုံမှထားပါလို့ ကျွန်တော့်ကိုပြောခဲ့ပြီး ကျွန်တော်ကအဲ့ဒီလိုလုပ်ခဲ့သော်လည်း သူက အရမ်းကိုစိတ်အားထက်သန်နေတာကြောင့် မကြိုက်ခဲ့ပါဘူးလို့ ပြောပါတယ်။

လက်ရှိအယ်လ်နာဆာစတားနှင့် ဆက်ဆံရေးအပေါ် ဆိုးလ်ရှားက Overlap သို့ ပြောကြားလိုက်ပါတယ်။ "ကျွန်တော် ယူနိုက်တက်မှာ နည်းပြအဖြစ်ရှိစဉ် ရော်နယ်ဒိုဆီက ပြဿနာတွေကို မမှတ်မိပါဘူး" "အဲဗာတန်နှင့် ပွဲမှာတုန်းက သူ့ကိုလူစားလဲလိုက်တဲ့အချိန် ကွင်းထဲကနေ တိုက်ရိုက်ထွက်သွာခဲ့တာပါ။ အသင်းကနေ ထွက်ခွာတဲ့အချိန်မှာ အဲ့ဒီထက်ပိုတဲ့ ပြဿနာတွေရှိပါသေးတယ်" လို့ ဆိုးလ်ရှားက ပြောပြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #အပြောင်းအရွှေ့ #ရော်နယ်ဒို